ဗုံးပေါက်ကွဲမှုတွေနဲ့ သုံးသပ်ချက်များ
2013.10.16
အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့ တည်ခိုခန်းတစ်ခုမှာ ဗုံးပေါက်ကွဲခဲ့ပြီး နောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့မြို့တွေမှာ ဗုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့ရဲ့ သုံးသပ်ပြောဆိုချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။