ရန်ကုန်မြို့နဲ့ လျှပ်စစ်ဓာတ်အားလိုင်းအန္တရာယ်
2014.10.09
အခုနှစ်အတွင်း ရန်ကုန်မြို့မှာ မကြာခဏဆိုသလို ဓာတ်ကြိုးပြတ်ကျပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ အခု ရက်ပိုင်းအတွင်း မုန်တိုင်းငယ်တစ်ခု ကျရောက်နိုင်တယ်လို့ သက်ဆိုင်ရာက သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် အဲဒီလို သဘာဝဘေးအန္တရာယ် တေ့ွကြုံတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း အများပြည်သူ စိုးရိမ်နေကြပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အင်ဂျင်နီယာချုပ် ဦးရန်လင်းကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။