ကိုရီးယားသွားဖို့ လျှောက်လွှာတန်းစီသူများ
2017.03.23
-တောင်ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ချင်သူတွေအတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာတွေကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ပင်လုံခန်းမမှာ မတ်လ ၂ဝ ရက်နေ့က ၂၄ ရက်နေ့အထိ ငါးရက်ကြာ ရောင်းချပေးနေပါတယ်။ ဒီနှစ်မှာ လျှောက်လွှာဝယ်ယူသူ များပြားပြီး ခိုက်ရန်ဖြစ်ပွားတာတွေပါ ရှိလာတဲ့အတွက် လုံခြုံရေး ချထားပေးရပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။