စစ်တပ်ကိုစိုးရိမ်နေဖို့မလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို မစ္စယန်ဟီးလီတိုက်တွန်း
2019.07.05
လူထုရဲ့တခဲနက်ထောက်ခံမှုကို ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောင်းအလဲကို လုပ်ဖို့ စစ်တပ်ကို စိုးရိမ်နေ စရာမလိုဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် ယန်ဟီးလီက ပြောလိုက်ပါ တယ်။ ပြည်သူတွေရဲ့အကျိုးအတွက် စဉ်းစားဆုံးဖြတ်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို သူက တိုက်တွန်းခဲ့ပါတယ်။
မစ္စယန်ဟီးလီ ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် Skype ကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။