နည်းပညာနဲ့အတူ လိုက်မှဖြစ်မယ်
2019.07.13
တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်လို့ နည်းပညာသမား ဦးရဲမြတ်သူက ပြောလိုက်ပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်မှာကျင်းပတဲ့ အမေရိကန် အာဆီယံ Smart Cities ညီလာခံမှာ တက်ရောက်နေသူ မန္တလေး Smart City စီမံကိန်းရဲ့ဦးဆောင်အရာရှိချုပ်လည်းဖြစ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဦးရဲမြတ်သူကို RFA ဝိုင်းတော်သူ မခက်မာက တွေ့ဆုံမေးမြန်းထားပါတယ်။