ဇူလိုင် ၇ ရက် အမှတ်တရ အခမ်းအနားတွေ ကျင်းပ
ဒီနေ့ကျရောက်တဲ့ 7 July ၅၄ နှစ်မြောက် နှစ်ပတ် လည် အမှတ်တရ အခမ်းအနားတွေကို ရန်ကုန် တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက် အဦဟောင်းနေရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က မနက်ပိုင်းနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) က ညနေပိုင်းမှာ ကျင်းပခဲ့ကြပါတယ်။
-
2016-07-07 -
-
-
Your browser doesn’t support HTML5 audio
ဒီနေ့ကျရောက်တဲ့ 7 July ၅၄ နှစ်မြောက် နှစ်ပတ်လည် အမှတ်တရ အခမ်းအနားတွေကို ရန်ကုန်တက္ကသိုလ်ဝင်းထဲ က ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က မနက်ပိုင်းနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) က ညနေပိုင်းမှာ ကျင်းပခဲ့ကြပါတယ်။
ဇူလိုင် ၇ ရက် နေ့ဟာ ကျောင်းသားသမိုင်းမှာ စစ်အာဏာရှင်ကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ နေ့ဖြစ်တယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်တီဝင် ကိုမိုးထက်နေ က ပြောပါတယ်။
"၇ ဇူလိုင်က ဗမာပြည်စစ်အာဏာရှင်စနစ်ကို အရင်ဆုံးဖွင့်ချတိုက်ခိုက်ခဲ့တဲ့ ကျောင်းသားသမိုင်းဖြစ်တယ်ပေါ့လေ၊ ကျန်တဲ့အဖွဲ့အစည်းတွေက ဗိုလ်ချုပ်နေဝင်းအပေါ်မှာ အကဲဖြတ်ချက်တွေ တွေဝေနေတဲ့အချိန်မှာ ကျနော်တို့ ဗကသများအဖွဲ့ချုပ်ကတော့ ပြတ်ပြတ်သားသားကို ဒါဟာစစ်ဏာအာရှင်စနစ်ဖြစ်တယ်၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးအန္တရာယ်ဖြစ်တယ်၊ အဲ့တော့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်ဆိုတဲ့အသိနဲ့ အစောဆုံး တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းဖြစ်တဲ့အတွက် ကျနော်တို့က နှစ်စဉ်ကျင်းပနေရခြင်းဖြစ်ပါတယ်"
လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရက ရန်ကုန်တက္ကသိုလ်ဝင်းထဲ မှာ ဆန္ဒပြနေတဲ့ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင် ၈ ရက်နေ့ မနက်စောစော မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် အခုလို အောက်မေ့ဖွယ် အခမ်းအနားတွေကို အစိုးရအဆက်ဆက်လက်အောက်မှာ ကျောင်သားပြည်သူတွေက နည်းမျိုးစုံနဲ့ နှစ်စဉ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဗကသ ကျောင်းသား ၊ ကျောင်းသူ ၄ဝ လောက်ဟာ ဒီကနေ့ မနက်က ပြည်လမ်း စိုက်ပျိုးရေး မှတ်တိုင်ကနေ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦ အဟောင်းနေရာကို ချီတက်လမ်းလျှောက်ကာ လွမ်းသူ့ပန်းခွေချပြီး အလေးပြုခဲ့ပါတယ်။
ညနေပိုင်းမှာတော့ တကသ ကျောင်းသား ကျောင်းသူတွေက အင်းလျားကန်ဘောင်ကနေ သမဂ္ဂအဆောက် အဦဟောင်းဆီ ချီတက်လမ်းလျှောက်ပြီး ဂါရဝပြုခဲ့ကြပါတယ်။
အခုအစိုးရသစ်လက်ထက်မှာ ဒါဟာ ပထမဆုံးအနေနဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းနေရာမှာ အခမ်းအနားတွေ ကျင်းပပြုလုပ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ရန်ကုန် ၊ မန္တလေး မြို့တွေမှာ ကျင်းပတဲ့ 7 July အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။