အပစ်ရပ်စာချုပ်မူကြမ်း အတည်ပြုဖို့ တိုင်းရင်းသားများ ဆွေးနွေးမှု ပြီးဆုံး

လက်နက်ကိုင် တိုင်းရင်းသားများရဲ့ထိပ်သီး အစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက် ပြီး ဆွေးနွေးမှုများအပြီး သတ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ညီ လာခံကျင်းပရေးကော်မတီဝင် KNU တွဲဘက်အတွင်းရေးမှူး ဖဒိုမန်းမန်း က ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကို တွေ့ရစဉ် Photo: RFA

လက်နက်ကိုင် တိုင်းရင်းသားများရဲ့ထိပ်သီး အစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုများ အပြီး သတ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ညီလာခံကျင်းပရေးကော်မတီဝင် KNU တွဲဘက်အတွင်းရေးမှူး ဖဒိုမန်းမန်း က ပြောပါတယ်။

KNU ထိမ်းချုပ်နယ်မြေ လော်ခီးလာမှာ ဇွန်လ ၂ ရက်နေ့က စတင်ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ  အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း အခန်း (၆ )နဲ့ အခန်း (၇) တို့ကို ဒီနေ့ ဆက်လက်ဆွေးနွေးရာမှာ အဆုံးသတ်နိုင်ခဲ့ပြီလို့ ညီလာခံကျင်းပရေး ကော်မတီအဖွဲ့ဝင် KNU တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်းက ပြောပါ တယ်။  မနက်ဖြန် ဆက်လက် ဆွေးနွေးမယ့် အကြောင်းအရာများနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဒါ့အပြင် ဒီနေ့အစည်းအဝေးမှာ NCCT အဖွဲ့က နှုတ်ထွက်ဖို့တင်ပြထားတဲ့ လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပေမယ့် ဆွေးနွေးမှုတွေတော့ ရှိတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို ပြင်ဆင် အချောသတ် လုပ်ကိုင်ပြီးချိန်မှာ NCCT အဖွဲ့မှာ ပြန်လည်ပါဝင်ဖို့ ဌာနချုပ် အသီးသီးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပြီးစီးသွားတဲ့ ညီလာခံနဲ့ပတ်သက်ပြီး KNU တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org