ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမဲ့ ရက်သတ္တပတ်အတွင်း ကျင်းပမဲ့ ၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောမယ်လို့သိရပါတယ်။

၂၀၁၂ ခုနှစ် မေလ ၂၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရုံးခန်းဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားနေစဉ်။ Photo courtesy of NLD

၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမယ်လို့ NLD ပါတီက အတည်ပြု ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းကြည် အနေနဲ့ အခု သွားရောက်မဲ့ ခရီးစဉ်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ပြည်ပခရီး ဖြစ်ပါတယ် ။

အဲဒီ ဘန်ကောက်မြို့က ညီလာခံကို သမ္မတ ဦးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ဇွန်လ ၂၁ ရက်နေ့မှာ ဗြိတိန်ပါလီမန် လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောမယ်လို့မနေ့က ကျင်းပတဲ့ ဗြိတိန် အောက်လွှတ်တော် အစည်းအဝေးမှာ အောက်လွှတ်တော် ဥက္ကဋ္ဌ Mr.John Bercow က ထုတ်ဖော်ပြောပါတယ် ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org