ရန်ကုန်က နေရာ ငါးခုမှာ ဗုံးပေါက်ကွဲ

2021.08.29
ရန်ကုန်က နေရာ ငါးခုမှာ ဗုံးပေါက်ကွဲ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းဆုံအနီးမှာ ၂၀၂၁၊ သြဂုတ် ၃၀ ရက်နေ့ မနက်က ပေါက်ကွဲမှုဖြစ်ပွားတာကို မြင်တွေ့ရစဉ်
Photo: Citizen Journalist

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းဆုံ၊ အင်းစိန်မြို့နယ်က ဂျပန်လမ်း မီးပွိုင့်၊ ပေါက်တောဝ မီးပွိုင့်၊ BOC မီးပွိုင့်နဲ့ အင်းစိန်ဘူတာအနီး စတဲ့ နေရာ ငါးခုမှာ ဒီနေ့မနက် ၅ နာရီနဲ့ ၆ နာရီ၀န်းကျင် အချိန်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ပေါက်ကွဲမှုမှာ ပေါက်ကွဲမှုဖြစ်ပွားချိန် မီးခိုးတွေ ပေါ်ထွက်လာတာ ကို အဝေးက လှမ်းမြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှည်းတန်းလမ်းဆုံအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ စစ်ဆေးမှုတွေရှိခဲ့သလို မနက် ၈ နာရီကစလို့ ရဲကားအကြီး နှစ်စီးနဲ့ ယာဉ်ထိန်းအပါအဝင် အင်အား ၃၀ လောက် ချထားတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိကိုတော့ လတ်တလော မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။