ဥပဒေသစ်အရ ကုမ္ပဏီ ၃၀၀၀ ကျော် ပြန်လည်မှတ်ပုံတင်မှုပြီးစီး

၂၀၁၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ စတင်အသက်ဝင်တဲ့ ဒီလ ၁ ရက်နေ့ ကစပြီး ၂၀ ရက်နေ့အထိ အီလက်ထရောနစ် မှတ်ပုံတင်စနစ်နဲ့ ပြန်လည်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

Myanmar Companies Online (MyCo) ဝက်(ဘ်)ဆိုက် စာမျက်နှာကို တွေ့ရစဉ် Photo: https://www.myco.dica.gov.mm

၂၀၁၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ စတင်အသက်ဝင်တဲ့ ဒီလ ၁ ရက်နေ့ ကစပြီး ၂၀ ရက်နေ့ အထိ အီလက်ထရောနစ် မှတ်ပုံတင်စနစ်နဲ့ ပြန်လည်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

၆ လအတွင်း ပြန်လည်မှတ်ပုံမတင်တဲ့ ကုမ္ပဏီတွေကို တရားဝင်စာရင်းကနေ ပယ်ဖျက်သွားမှာ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အဟောင်းတွေပဲ ဒီ ၆ လ အတွင်းမှာ Register ပြန်လုပ်ရမယ်၊ မှတ်ပုံပြန်မတင်ဘူးဆိုရင် ရုံးကနေပြီးတော့ ပယ်ဖျက်လိုက်မှာ၊ တရားဝင် မဟုတ်ဘူးဆိုပြီးတော့"

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်အရ Myanmar Companies Online (MyCo) ဝက်(ဘ်)ဆိုက်ကနေ ပြန်လည် မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။

တည်ဆဲကုမ္ပဏီတွေ Online ကနေ မှတ်ပုံတင်ဖို့အတွက် ဒီသြဂုတ်လ ၁ ရက်နေ့ကနေ လာမယ့် ၂၀၁၉ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လ အချိန်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ (ဒါမှမဟုတ်) ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေတွေနဲ့ မှတ်ပုံတင် ထားတဲ့ တည်ဆဲကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေအားလုံး ပြန်လည်မှတ်ပုံတင်ကြရမှာ လည်း ဖြစ်ပါတယ်။

ဒီနေ့ တစ်ရက်တည်းမှာတင် Online ကနေ မှတ်ပုံတင်တဲ့ ကုမ္ပဏီ ၁၀၀ ကျော်ရှိကြောင်း MyCo ဝက်(ဘ်)ဆိုက် က သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org