ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ကျင်းပ

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝန်းထဲမှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့ကို ၂၀၁၈ ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့စဉ် Photo: Myanmar State Counsellor Office

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝန်းထဲမှာ ကျင်းပခဲ့ပါတယ်။

မွေးနေ့အခမ်းအနားကို သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချို၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်အကြီးအကဲတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ တည်ထားမယ့် ထာဝရငြိမ်းချမ်းရေးစေတီတော်ရဲ့ သတ္တဌာန မူလဌာပနာသွင်း အခမ်းအနားကိုလည်း ဒီမနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို နိုင်ငံတော် သမ္မတ နဲ့ ဒုတိယ သမ္မတတွေ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် အပါအဝင် အလှူရှင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနား ကျင်းပခဲ့ပြီး ပါတီနာယက သူရ ဦးတင်ဦး တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နဲ့ သစ်ပင်စိုက်ပွဲတော်တွေ၊ စုပေါင်းသွေးလှူဒါန်းပွဲတွေ၊ စတုဒီသာ အလှူပွဲတွေကိုလည်း မြို့နယ်အသီးသီးမှာ NLD ပါတီဝင်တွေ၊ ထောက်ခံအားပေးသူတွေက ကျင်းပကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org