ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ပွဲကျင်းပ
2019.06.19

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူတွေ စုပေါင်းပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။
အဲဒီမွေးနေ့ အခမ်းအနားမှာ ပန်းခြံထဲမှာ လူဦးရေ ၇၄၀ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ကိုင်ဆောင် ပုံဖော်ပြီး မွေးနေ့ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ မနက်က ကျင်းပတဲ့ မွေးနေ့ပွဲမှာ စုစုပေါင်း လူတထောင်ကျော် လာရောက်ခဲ့ကြပြီး အလှူငွေ ကောက်ခံခဲ့ရာမှာ သိန်းတစ်ရာကျော်ရရှိခဲ့ပါတယ်။
အဲဒီအလှူငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ပွဲကို နေပြည်တော်က လွှတ်တော်ရေးရာကော်မတီဆောင်မှာ ကျင်းပခဲ့ပြီး လက်ရှိသမ္မတ ဦးဝင်းမြင့်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ တက်ရောက်ခဲ့ပါတယ်။