အတိုက်အခိုက်တွေအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တုံ့ပြန်ပြောကြား

နိုင်ငံရေးလုပ်မှတော့ လောကဒဏ်တွေကို ရင်ဆိုင်ရတာဟာ အထူးအဆန်းမဟုတ်ကြောင်း တာဝန်ယူတဲ့သူတိုင်း ရင်ဆိုင်ရမယ့်ကိစ္စတွေဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် Photo: AFP

နိုင်ငံရေးလုပ်မှတော့ လောကဒဏ်တွေကို ရင်ဆိုင်ရတာဟာ အထူးအဆန်းမဟုတ်ကြောင်း တာဝန်ယူတဲ့သူတိုင်း ရင်ဆိုင်ရမယ့်ကိစ္စတွေဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့  ပူးတွဲသတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

အရင်က ပြည်တွင်း နဲ့ ပြည်ပကပါ တိုက်ခိုက်ကြတယ်၊ အခုဆိုရင် ပြည်တွင်းကပြည်သူတွေက ပိုနားလည်မှု ပေးကြတယ်၊ ပြည်ပက တိုက်ခိုက်ကြတယ် နိုင်ငံရေးလုပ်မှတော့ အဲဒီလို တိုက်ခိုက်မှုတွေဟာ နေ့စဉ်ကြုံတွေ့ရမယ့် ကိစ္စတွေဖြစ်တယ်။ တာဝန်ယူထမ်းဆောင်တဲ့သူတိုင်း ရင်ဆိုင်ရမယ့်ကိစ္စလို့ စိတ်ထဲမှာထားကြောင်း သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရေငုံနှုတ်ပိတ်နေတယ် ဆိုပြီး ပြစ်တင်ဝေဖန်နေကြသလို အမေရိကန်လွှတ်တော်ကလည်း မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို တစ်ဦးချင်း ပစ်မှတ်ထားအရေးယူဖို့  ဥပဒေပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အမေရိကန်အစိုးရ အနေနဲ့ ဆက်လက်ကူညီသွားမယ်လို့ ထပ်မံကတိပေးလိုကြောင်း မစ္စတာ တေလာဆန်က ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးအတွက် အမေရိကန်အစိုးရက နောက်ထပ်အမေရိကန်ဒေါ်လာ ၄၇သန်း အကူအညီပေး မှာဖြစ်ပြီး ပြီးခဲ့တဲ့သြဂုတ်လကနေ ကူညီခဲ့တာဆိုရင် ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီဟာ အမေရိကန်ဒေါ်လာ ၈၇ သန်းရှိတဲ့အကြောင်း အမေရိကန်သံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်သူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုတွေ အတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ကိုလည်း ဆောင်ရွက်နေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org