အမေရိကန် နိုင်ငံခြားရေးဝန်ကြီးခရီးစဉ် NLD ပါတီ ရလဒ်ကောင်း မျှော်လင့်


2017.11.06
rex-tillerson-622.jpg အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို တွေ့ရစဉ်
Photo: Department of State‏

လာမယ့် သီတင်းပါတ်မှာ မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ခရီးစဉ်အတွင်း ရလဒ်ကောင်းတွေ မျှော်လင့်ထားကြောင်း NLD ပါတီက ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်မတိုင်ခင် မြန်မာတပ်မတော် ထိပ်တန်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူဖို့ အမေရိကန်လွှတ်တော်မှာ ကြိုးပမ်းစီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ပါတီပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က အခုလိုပြောကြားတာပါ။

"ကျနော်ကတော့ အကောင်းမြင်ချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဝေးကနေပြောဆိုနေတာနဲ့စာရင် အနီးမှာမျက်နှာချင်းဆိုင်တွေ့ပြီးတော့ အကြောင်းစုံအမှန်ကို ရှင်းပြနိုင်တယ်ဆိုရင် ဒီစွပ်စွဲမှုတွေဟာ တစ်စုံတရာတော့ ပြေလျော့သွားမယ်လို့ ကျနော်ကယူဆပါတယ်"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အာဆီယံအစည်းအဝေးကို တက်ရောက်ရင်း မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သူဟာ ဒီခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီး Tillerson ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ မကြာသေးခင်က တယ်လီဖုန်းဆက်သွယ်ပြော ဆိုခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။