ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ရင်းနှီးမှုကို အထင်လွဲမှားနေကြကြောင်း ဦးဝင်းထိန် ပြောကြား
အနာဂတ်နိုင်ငံတော် အမျိးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပိုမိုခင်မင်ရင်းနှီးစွာ ဆက်ဆံနေကြောင်း NLD ခေါင်းဆောင်တစ်ဦးဖြစ် တဲ့ ဦးဝင်းထိန်ကပြောပါတယ်။
-
2017-03-24 -
-
-
Your browser doesn’t support HTML5 audio
အနာဂတ်နိုင်ငံတော် အမျိးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပိုမိုခင်မင်ရင်းနှီးစွာ ဆက်ဆံနေကြောင်း NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန် ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ခေါင်းဆောင်တွေနဲ့ နိုင်ငံသားအချင်းချင်း နားလည်မှု တည်ဆောက်တာကို တပ်မတော်သြဇာခံအဖြစ် ပြည်တွင်း ပြည်ပ ပြောဆိုနေမှုတွေဟာ လုံးဝလွဲမှားနေတဲ့ အယူအဆတရပ်ပါပဲလို့လည်း သူကပြောပါတယ်။
"ကိုယ့်နိုင်ငံသားအချင်းချင်း ကိုယ့်တိုင်းပြည်ကို စေတနာထားတဲ့လူဆိုရင်တော့ တည်တည်ငြိမ်ငြိမ်ဖြစ် မှ နိုင်ငံတော်အတွက် အနာဂါတ်မှာပိုပြီးတော့ကောင်းမယ်ဆိုတဲ့ အင်မတန် အမြော်အမြင်ရှိတဲ့ ဒေါ်အောင် ဆန်းစုကြည် သဘောထားကြောင့် ဒီလိုဆက်ပြီးတော့ဖြစ်နေတာပါ၊ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ရဲ့ ပံ့ပိုးမှုမလွန်ဆန်နိုင်ဘူးဆိုတာကတော့ လုံးဝမှားတဲ့ အကဲဖြတ်ချက်ပါ"
အရပ်သားအစိုးရ တစ်နှစ်ပြည့်အဖြစ် RFA က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ဖြေကြားခဲ့တာပါ။ NLD အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ၂ဝ၁၅ လိုပဲ နေရာအားလုံး အနိုင်ရဖို့ မျှော်မှန်းထားပေမယ့် ရှမ်းပြည်နယ်က တချို့နယ်မြေတွေမှာ NLD မဲဆွယ်လို့မရအောင် အဖွဲ့အစည်းတစ်ခုက ဟန့်တားပိတ် ပင်နေကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။
အပြည့်အစုံကို ဦးဝင်းထိန်နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက်မှာ နားဆင်ပါ။