ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို သွားကြည့်မည်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမှာဖြစ် ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ကနေ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ် မြန်ဆန်ဖို့ မျှော်လင့်ကြောင်း ဘဂ်လားဒေ့ရှ် ဒုက္ခသည် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မရှင်နာမင်းကြီး မိုဟာမက် ခါလမ် ကပြောပါတယ်။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကုတုပလောင် ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုုပြီး၊ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံ ပြောဆိုမယ်လို့ သိရပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံဖွယ်ရှိတယ်လို့ သတင်းမှာဖေါ်ပြပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ စိတ်ကျဝေဒနာခံစားနေရာသူတွေနဲ့ အာဟာရချို့တဲ့ တဲ့ ဝေဒနာခံစားနေရသူ ကလေးငယ်တွေ အများအပြားရှိနေတယ်လို့ ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org