မရမ်းကုန်း ကမ္ဘာ့ရတနာဘဏ်ခွဲ ဓားပြတိုက်ခံရ
2021.08.30

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ သမိုင်း (၈) လမ်းမှာရှိတဲ့ မရမ်းကုန်း ကမ္ဘာ့ရတနာဘဏ်ခွဲ ထဲကို ဩဂုတ်လ ၃၀ ရက် ဒီနေ့မနက် ၁၁ နာရီခန့်က သေနတ်ကိုင်ထားတဲ့လူတစ်စု ဝင်ရောက်လာပြီး ဓားပြ တိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ္စတိုသေနတ်ကိုင်ဆောင်ထားတဲ့ အမည်မသိသူ လေးယောက်ဟာ တိုယိုတာမာခ်တူးကားနဲ့ ရောက်လာပြီး တော့ ဘဏ်ထဲကို ဓားပြဝင်တိုက်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြော ပါတယ်။
သေနတ်သမားတွေဟာ ဘဏ်ထဲက ခန့်မှန်းငွေကျပ် သိန်းတစ်ထောင်ဝန်းကျင်ကို ယူဆောင်ပြီး ကားနဲ့ ချက်ချင်းမောင်းနှင်ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
နေ့လယ် ၁၁ နာရီခွဲကျော်လောက်မှာတော့ အာဏာသိမ်းစစ်ကောင်စီဩဇာခံ စစ်သားနဲ့ရဲတွေ ရောက်လာ ပြီးတော့ ဘဏ်အနီးဝန်းကျင်ကို စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဘဏ်ထဲ ဓားပြတိုက်ခံရချိန်မှာ ပစ်ခတ်သံတွေကိုတော့ မကြားကြရဘူးလို့ ဆိုပါတယ်။