ဒုသမ္မတကို ဆုချီးမြှင့်မယ့်အဖွဲ့ မေးခွန်းထုတ်ခံနေရ

ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ ECCT ဆိုတဲ့ အဖွဲ့ကနေ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာအကောင်းဆုံးခရီစဉ်ဆု ပေးအပ်တယ်၊ ဒုသမ္မတဦးဟင်နရီဗန်ထီးယူကို သူတို့အဖွဲ့ ဂုဏ်ထူးဆောင်အဖြစ် ဆုပေးဖို့ရှိတယ်လို့ သူတို့ ဝက်ဆိုက်မှာဖော်ပြထားပါတယ်။

ဒုတိယသမ္မတ(၂) ဦးဟင်နရီ ဗန်ထီးယူ ကို ၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ရေးဘေးသင့်ပြည်သူတွေအတွက် အလှူငွေပေးအပ်ပွဲမှာ တွေ့ရစဉ် Photo: Myanmar President Office

ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ ECCT ဆိုတဲ့ အဖွဲ့ကနေ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် အတွက် ကမ္ဘာအကောင်းဆုံးခရီစဉ်ဆု ပေးအပ်တယ်၊  ဒုသမ္မတဦးဟင်နရီဗန်ထီးယူကို သူတို့အဖွဲ့ ဂုဏ်ထူးဆောင် အဖြစ် ဆုပေးဖို့ရှိတယ်လို့ သူတို့ ဝက်ဆိုက်မှာဖော်ပြထားပါတယ်။

ရိုမေးနီးယားအခြေစိုက်တယ်လို့ ယူဆရတဲ့ ECCT အဖွ့ဲဟာ ဥရောပသမဂ္ဂအဖွဲ့နဲ့ ပတ်သက်ခြင်း မရှိဘူး၊ ဂုဏ် သိက္ခာရှိ အဖွဲ့တစ်ခုအဖြစ် ဟန်ပြလုပ်ကိုင်နေခြင်းသာဖြစ်တယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အရှုပ်အထွေးကိစ္စ ကို ဖော်ထုတ်ရေးသားခဲ့တဲ့ ကိုနေယံဦးက ဒီနေ့သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ဝေဖန်လိုက်ပါတယ်။ ဆုကို လက်ခံမယ်ဆိုရင် နိုင်ငံအတွက် အရှက်ရစရာတွေ ဖြစ်လာမယ်လို့ ကိုနေယံဦးက RFA ကို ပြောပါတယ်။

ECCT အဖွဲ့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အခုလိုဆုတွေပေးလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲလေ့လာစောင့်ကြည်ဖို့ ဖိတ်ကြားခံရပြီး တစ်ကမ္ဘာ လုံးဝေဖန်ခဲ့တဲ့ ရွေးကောက်ပွဲကို တရားမျှတမှုရှိတယ်လို့ ထုတ်ပြန်ဖူးကြောင်းလည်း ကိုနေယံဦးက ပြောပါတယ်။

နေပြည်တော်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ကျင်းပမယ့် ကမ္ဘာခရီးသွားလုပ်ငန်းနေ့မှာ ECCT အဖွဲ့ကို ဖိတ်ကြားပြီး ဒီအဖွဲ့ကပေးမယ့်ဆုတွေကို လက်ခံယူမယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်နေပါတယ်။

ဆုပေးမယ် ဆိုတဲ့အဖွဲ့ကို ဒီလိုဝေဖန်မှုနဲ့ ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းကို RFA ကမေးမြန်းရာမှာတော့ မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org