ရခိုင်ပြည်နယ်အခြေအနေ တိုးတက်လာပြီဖြစ်ကြောင်း ဒုသမ္မတ ကုလသမဂ္ဂမှာ ပြောကြား


2017.09.21
henryvanthio-622.jpg ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စက်တင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ်
.

ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တိုးတက်လာပြီဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လူသားချင်းစာနာမှု အကူ အညီပေးရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရက ပြေလည်အောင် ကြိုးစားနေသလို နိုင်ငံတကာက ကူညီကြဖို့လည်း  တိုက်တွန်းခဲ့ပါတယ်။

မြန်မာမှာအခြေအနေတွေ တိုးတက်လာပြီဆိုတာ ပြောကြားလိုကြောင်း၊ ဒေသခံ မွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အစုအလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ နောက်ကွယ်က အကြောင်းရင်းကို တွေ့အောင်ရှာ မှာဖြစ်ကြောင်း၊ ဒါ့ပြင် ထွက်မပြေးကြပဲ မူလနေရာမှာပဲ ဆက်လက်နေထိုင်နေကြတဲ့ ဒေသခံ မွတ်ဆလင်တွေ လည်း အများအပြားရှိနေကြောင်းလည်း ဒုတိယသမ္မတက ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီပေးရေးဟာ မြန်မာအစိုးရရဲ့ ပထမဦးစားပေး လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ လူမျိုး ဘာသာမခွဲခြားဘဲ လိုအပ်နေသူတွေ အကူအညီရရှိရေးအတွက် အလေးထားဆောင်ရွက်နေကြောင်းလည်း ဒုတိယသမ္မတက ကုလသမဂ္ဂ ညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နယူယောက်မြို့ ကုလသမဂ္ဂ အပြင်မှာတော့ ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ ပြစ်တင်ဝေဖန်နေမယ့်အစား၊ မြန်မာအစိုးရနဲ့ ပူးပေါင်းကူညီဆောင်ရွက်ဖို့ အမေရိကန်ရောက် မြန်မာ အသိုင်းအဝိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။