အစိုးရတပ်ရုပ်သိမ်းဖို့ IKO တောင်းဆို
KNU မူတရောခရိုင်က အစိုးရတပ်တွေပြန် ရုပ်သိမ်းဖို့ ဒေသခံတွေရဲ့ ဆန္ဒပြတောင်းဆို မှုကို IKO အပြည်ပြည်ဆိုင်ရာ ကရင်အဖွဲ့ က ထောက်ခံကြိုဆိုကြောင်း ဇွန်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-
2017-06-10 -
-
-
KNU မူတရောခရိုင်က အစိုးရတပ်တွေပြန်ရုပ်သိမ်းဖို့ ဒေသခံတွေရဲ့ ဆန္ဒပြတောင်းဆိုမှုကို IKO အပြည်ပြည်ဆိုင် ရာ ကရင်အဖွဲ့က ထောက်ခံကြိုဆိုကြောင်း ဇွန်လ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
KNU နဲ့အစိုးရကြား အပစ်အခပ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးချိန်ကစပြီး ဒီနေ့ထိ KNU နယ်တွေမှာ အစိုးရ တပ်တွေ လျှော့နည်းမသွားတဲ့အပြင် ပိုတိုးလာတဲ့အတွက် ဒေသခံတွေလည်း ပိုပြီးစိုးရိမ်နေကြတယ်လို့ IKO အဖွဲ့ ဆက်သွယ်ရေးအဖွဲ့ဝင် နော်မိုင်းရာဒါကေးဖေါက RFA ကို ပြောပါတယ်။
ဒ့ါအပြင် အလျင်စလိုချုပ်ဆိုခဲ့တဲ့ NCA စာချုပ်မှာ တပ်နေရာချထားရေးနဲ့ တပ်တွေလိုက်နာရမယ့် စည်းကမ်းတွေ မထည့်သွင်းနိုင်သေးတာ၊ မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးမူ (၆) ချက်နဲ့ ဒို့တာဝန်အရေးသုံးပါးကို မလွှတ်တမ်း ဆုပ်ကိုင်ထားတာတွေကြောင့် စစ်မှန်ပြီးရေရှည်တည်တံ့မယ့် အပစ်အခပ်ရပ်စဲရေး ရနိုင်မှာမဟုတ်ဘူးလို့ IKO အဖွဲ့က ယုံကြည်တယ်လို့ဆိုပါတယ်။
IKO International Karen Organization အဖွဲ့ကို အမေရိကန်၊ ကနေဒါ၊ ဥရောပနဲ့ အာရှပစိဖိတ် ဒေသနိုင်ငံတွေ မှာရောက်နေတဲ့ ကရင်လူမျိုးတွေ ဖွဲ့စည်းထားတာဖြစ်ပါတယ်။