ထောင်ချခံသတင်းသမား နဲ့ တောင်သူတွေအတွက် ဦးဝင်တင် ဖောင်ဒေး ရှင်း ငွေထောက်ပံ့

ထောင်ဒဏ် ၁၀နှစ်စီ ကျခံနေရတဲ့ ယူနတီ ဂျာနယ်က သတင်းသမား ၅ ဦးနဲ့ ကန့်ဘလူမြို့နယ်က အကျဉ်းကျခံနေရတဲ့ လယ်သမား ၅၆ ဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမမှာ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

ယူနတီဂျာနယ်က သတင်းသမား ၅ ဦးနဲ့ ကန့်ဘလူမြို့နယ်က အကျဉ်းကျခံနေရတဲ့ လယ်သမား ၅၆ ဦးကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက စက်တင်ဘာလ ၁၂ ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ ထောက်ပံ့ငွေပေးအပ်စဉ် Photo: Kyaw Zaw Win / RFA

ထောင်ဒဏ် ၁၀နှစ်စီ ကျခံနေရတဲ့ ယူနတီဂျာနယ်က သတင်းသမား ၅ ဦးနဲ့ ကန့်ဘလူမြို့နယ်က အကျဉ်းကျခံနေရတဲ့ လယ်သမား ၅၆ ဦးကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

ဒီနေ့ ထောက်ပံ့ငွေပေးအပ်တဲ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးက အလှူရှင်တွေကို ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။

အကျဉ်းကျနေတဲ့ ကန့်ဘလူမြို့နယ်က လယ်သမား ၅၆ ဦးကို စုစုပေါင်းကျပ် ၂၃ သိန်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၂၀ နဲ့ ယူနတီဂျာနယ်က သတင်းသမား ၅ဦး ကို အလှူငွေ ၂ သိန်းစီ ပေးအပ်ခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၁၁ နှစ်ကျော် ချမှတ်ခံထားရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် မိသားစုကိုလည်း ငွေကျပ် ၂ သိန်း ထောက်ပံ့ခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အလှူငွေကျပ်သိန်း တစ်ထောင့်သုံးရာ (၁၃၀၀) နီးပါးလှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖောင်ဒေးရှင်းဟာ အရင်က နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေကို သာ ထောက်ပံ့ငွေပေးခဲ့တာဖြစ်ပြီး သတင်းသမားတွေနဲ့ လယ်သမားတွေကို ထောက်ပံ့တာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org