မြန်မာနဲ့ အာရှဒေသ လူ့အခွင့်အရေးမြှင့်တင်ဖို့ ဂျွန်ကယ်ရီ ထပ်မံတိုက်တွန်း

မြန်မာနိုင်ငံအပါအဝင် တရုတ်နဲ့ တခြားအာရှနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းတောင်းဆိုခဲ့ပြီး ဒီကိစ္စဟာ အမေရိကန်ရဲ့ နံပါတ်တစ် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်၊ ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူက East West Center မှာ သြဂုတ်လ ၁၃ ရက်နေ့က အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန်မူဝါဒကို ဂျွန်ကယ်ရီ ပြောကြားနေစဉ် Photo:East West Center

မြန်မာနိုင်ငံအပါအဝင် တရုတ်နဲ့ တခြားအာရှနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင် ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းတောင်းဆိုခဲ့ပြီး ဒီကိစ္စဟာ အမေရိကန်ရဲ့ နံပါတ်တစ် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။

အမေရိကန်အစိုးရရဲ့ အာရှဦးစားပေး အစီအစဉ်တစ်ရပ် အနေနဲ့  အာဖဂန်နစ္စတန်၊ ဩစတြေးလျ၊ မြန်မာနဲ့ ဆော် လမွန်ကျွန်းစုတွေကို သွားရောက်ခဲ့ပြီး၊ ဟာဝိုင်ယီမှာ ရပ် နားစဉ်အတွင်း ပြောကြားခဲ့တာပါ။

မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် အမေရိ ကန် ပြည်ထောင်စုက မရပ်မနားကြိုးပမ်းသွားမှာ ပါ။ မြန်မာဆိုရင် အံ့သြလောက်တဲ့အပြောင်းအ လဲတွေ ပေါ်ပေါက်ခဲ့ပေမဲ့၊ ဒီမိုကရေစီ ပြည့်ပြည့် ဝဝဖြစ်ဖို့ကတော့ သွားရမယ့်ခရီးဝေးလှပါသေးတယ်၊ အမေရိကန်ဟာလည်း အာရှပစိဖိတ်ဒေသက နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားဟာ အာရှ-ပစိဖိတ်ဒေသနဲ့ နီးနီးကပ်ကပ် ဆက် စပ်နေပါတယ် လို့ မစ္စတာ ဂျွန်ကယ်ရီက ဟာဝိုင်ယီကျွန်း ဟိုနိုလူလူ က East West Center မှာ ပြောကြားခဲ့တာပါ။

အာရှဒေသမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတဲ့နေရာတွေ ရှိသလို၊  ဒီမိုကရေ စီ နောက်ပြန်ဆုတ်သွားခဲ့တဲ့ နေရာတွေလည်းရှိကြောင်း၊  အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဆိုရင် စစ်တပ်အာဏာသိမ်းမှုတွေနဲ့အတူ ဒီမိုကရေ စီ နောက်ပြန်ဆုတ်သွားတဲ့အတွက် စိတ်ပူပန်ရကြောင်း ပြောကြားခဲ့ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org