တရားစီရင်ရေးမှာ အကျင့်ပျက်ခြ စားမှု လျော့ပါးမသွားကြောင်း ဦးဝင်းထိန် ပြော

အစိုးရသက်တမ်းတစ်နှစ်နီးပါးအတွင်း တရားစီရင်ရေးကဏ္ဍမှာ ဒေါ်အောင်ဆန်း စုကြည် မျှော်မှန်းသလို အကျင့်ပျက်ခြစားမှု လျော့ပါးမှု မရှိသေးကြောင်းနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူ သွားဖို့ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ် Photo: Win Naung Toe/ RFA

အစိုးရသက်တမ်းတစ်နှစ်နီးပါးအတွင်း တရားစီရင်ရေးကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသလို အကျင့်ပျက်ခြစားမှု လျော့ပါးမှု မရှိသေးကြောင်းနဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူသွားဖို့ ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တစ်နှစ်နီးပါးအခြေအနေအပေါ် မေးမြန်းရာမှာ ဦးဝင်းထိန် က ေြပာတာဖြစ်ပါတယ်။

"အောက်ခြေတချို့  တရားရေးဝန်ထမ်းတချို့ အရေးယူတာတွေဘာတွေဆိုတာ အရင်တုန်းက မကြားဖူးတဲ့ဟာတွေ ခုကြားနေရတယ်၊ အလားတူပဲ ဒီ့ထက်ထိထိရောက်ရောက်ဟာလေးတွေလည်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်"

မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စတဲ့ မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်လှစ်ပြီး တရားသူကြီးတွေ ၊ ရဲအရာရှိတွေ၊ အစိုးရအရာရှိတွေကို တရားစီရင်ရေးကဏ္ဍမှာ အဂတိတရားလျော့ပါးဖို့အတွက် သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ စီးပွားရေးအခြေအနေ တိုးတက်အောင် ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး / ပြည်နယ်အစိုးရတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားတယ် လို့လည်း ဦးဝင်းထိန် က ပြောပါတယ်။

နိုင်ငံတကာအကူအညီတွေနဲ့အတူ အစိုးရအဖွဲ့က အဂတိတရားအကင်းဆုံးနဲ့ အလုပ်လုပ်မယ်ဆိုရင် ၂၀၁၇ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့စီးပွားရေး သိသိသာသာ တိုးတက်မယ့်အနေအထားဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org