တရားရုံးတွေ လာဘ်စားမှု မြောင်းမြမြို့ခံတွေ ဆန္ဒပြ


2015.02.25

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတယ် ဆိုပြီး မြောင်းမြမြို့ခံ ၃၀၀ ကျော်က မြောင်းမြ မြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

တရားသူကြီးတွေက ငွေကြေးတောင်းခံတာတွေ ရှိနေတဲ့အတွက် အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးဖော် ထုတ်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို တာဖြစ်တယ်လို့ မြို့ခံ ဦးစစ်အောင်က ပြောပါတယ်။

"ကျနော်တို့က တရားမဲ့ငွေတောင်းယူမှုတွေ၊ လာဘ်ပေး၊ လာဘ်ယူမှုတွေပပျောက် အောင်အတွက် ကျနော် တို့ကဆန္ဒပြခြင်းဖြစ်ပါတယ်၊ ငွေဘယ်လို ယူလဲဆိုတော့ တရားသူကြီးကသူတို့မှာ အမှုပွဲစားတွေရှိတာပေါ့၊ စာရေးတွေကိုအမှုပွဲစားတွေလို ထား ပေးရတယ်၊ စာရေးတွေမှတဆင့်တောင်းတယ်၊ အဲ့လိုပေးရတယ်၊ အမှု ကြီးကိုခရိုင် တရားသူကြီးက အားလုံးပေါ်လွင်ရဲ့သားနဲ့ အခုလိုတရားသေနဲ့ လွှတ်ပေးတယ်"

မြောင်းမြခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတွေမှာ ငွေကြေးတောင်းယူပြီး ပြစ်ဒဏ် လျှော့ပေါ့ချမှတ်တာတွေရှိနေသလို တရားသေလွှတ်ပေးတာတွေလည်းရှိနေ တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။