မြစ်ဆုံရပ်ဆိုင်းရေး ဆန္ဒပြပွဲ ဦးဆောင်သူ ဒဏ်ငွေချမှတ်ခံရ

ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲခံရတဲ့ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်ဂျာခေါန်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက ဒဏ်ငွေ တစ်သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်ဂျာခေါန်ကို တွေ့ရစဉ် Photo: Elizabeth/ RFA

ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲခံရတဲ့ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်ဂျာခေါန်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက ဒဏ်ငွေ တစ်သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

ဒေါ်ဂျာခေါန် ကို မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးမြင့်မိုး က တရားလိုလုပ်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က တရားစွဲခဲ့တာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရေး ဆန္ဒပြပွဲကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စီတာပူရပ်ကွက် မနောင်ကွင်းကနေ မြစ်ကြီးနားမြို့အတွင်း လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဆန္ဒပြရာမှာ ခွင့်ပြုချက်မရှိတဲ့ အသံချဲ့စက် အသုံးပြုတာ၊ "No Myitsone Dam" စာတမ်းပါ နဖူးစည်းတွေ အသုံးပြုတာနဲ့ ဟာပြောပွဲ ပြုလုပ်ခဲ့တာတွေကြောင့် ဦးဆောင်သူ ဒေါ်ဂျာခေါန်က စွဲဆိုခံရတာပါ။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org