ကျောက်ကြီးက စစ်ဘေးဒုက္ခသည် ၁၇ ဦးကို စစ်ကောင်စီ ဖမ်းဆီး

RFA Burmese
2024.01.27
ကျောက်ကြီးက စစ်ဘေးဒုက္ခသည် ၁၇ ဦးကို စစ်ကောင်စီ ဖမ်းဆီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောက်ကြီးမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အနန်းဘော်ကျေးရွာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဇန်နဝါရီလ ၂၇ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ဇန်နဝါရီလ ၂၀ ရက်မနက်ပိုင်းက အနန်းဘော်ရွာထဲကို ရိက္ခာပြန်ယူဖို့သွားချိန်မှာ အနန်းဘော်နဲ့ ကုန်းချောင်း၀ ရွာကြားမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

ဖမ်းဆီးခံရသူတွေဟာ ဦးမြင့်အောင်၊ ဦးတင်စိုး၊ ဦးကိုဖြိုး၊ ဦးထွန်းကြည်၊ ဒေါ်စန်းတင်၊ ဒေါ်ရွှေအိ၊ ဒေါ်ခင်ဌေး၊ ဒေါ်သန်းဦး၊ မအေးသိန်းဦး၊ မထားထားနွယ်၊ ဒေါ်ပေါရီ၊ မမြစံပယ်၊ မနှင်းသက်ခိုင်နဲ့ ဦးအောင်ဝင်းတို့ဖြစ်ပြီး သူတို့နဲ့အတူပါသွားတဲ့ ဒေါ်သင်းသင်းနဲ့ မောင်စန်းလင်း သားအမိနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီတပ်က ဘာကြောင့်ဖမ်းဆီးထားလဲဆိုတာ RFA က မသိရသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ပဲခူးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ ဦးတင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးဒုက္ခသည် ခုနစ်သိန်းကျော်( ၇၅၁၆၆၉) အထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။