တစ်ရက်လုပ်အားခ ၃၆ဝဝ ကျပ် အတည်ပြုကြေညာ

တစ်နိုင်ငံလုံးက အလုပ်သမားအားလုံး အတွက် လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တစ်ရက်လုပ်အားခ ကျပ် ၃၆ဝဝ အတည်ပြု လိုက်တဲ့နှုန်းထားဟာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ မှာ စတင် ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတွေ မတ်လ ၄ ရက်နေ့က လုပ်ခလစာအတွက် ဒညင်းကုန်းလမ်းဆုံမှာ ထိုင်သပိတ် ဆန္ဒပြစဉ်။

တစ်နိုင်ငံလုံးက အလုပ်သမားအားလုံးအတွက် လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တစ်ရက်လုပ်အားခ ကျပ် ၃၆ဝဝ အတည်ပြုလိုက်တဲ့နှုန်းထားဟာ လာမယ့် စက်တင်ဘာလ ၁ ရက် နေ့မှာ စတင်ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

အခြားခံစားခွင့်တွေဖြစ်တဲ့ ရှားပါးစရိတ်၊ လုပ်သက်ကြေးနဲ့ ကျွမ်းကျင်ကြေးတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ဆက်လက် ဆွေးနွေးညှိနှိုင်းရမှာဖြစ်တယ်လို့ အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီအဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ကိုဝင်းဇော်က ပြောပါတယ်။

"၃၆ဝဝ ကတော့ အခုပြည်ထောင်စု အစိုးရက အတည်ပြုထားတယ်၊ အတည်ပြုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီးတော့ အတည်ပြုထားတာ သူကအကျုံးဝင်နေတယ်၊ အနည်းဆုံးဝင်ငွေ ၃၆ဝဝ တော့ ပေးရ မယ်လို့ အတည်ပြုနေတယ်၊ ၃၆ဝဝ ကတော့ ရှားပါးစရိတ်ကြေးတွေ၊ လုပ်သက်ကြေးတွေတော့ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ ပြန်လည်ညှိနှိုင်းရမယ့်အခန်း ပါလာပြီလေ"

အဲ့ဒီ ၃၆ဝဝ နှုန်းထားဟာ အလုပ်သမားဦးရေ ၁၅ ယောက်အောက်ရှိတဲ့ လုပ်ငန်းအသေးစားတွေနဲ့ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ယခင် အလုပ်သမား ဥပဒေပြဌာန်းချက်အရ အလုပ်သမားတွေကို အချိန်ပိုခေါ်ခဲ့ရင် လုပ်အားခ ၂ ဆပေးဖို့ ပါရှိပါတယ်။ အခြေခံလုပ်အားခ တစ်ရက်ကို ၃၆ဝဝ သတ်မှတ် လိုက်တာကြောင့် အခု အချိန်ပိုကြေးကို ၁ ဆခွဲသာ သတ်မှတ်ပေးဖို့ အလုပ်ရှင်တွေဘက်က အမျိုးသားကော်မတီကို တင်ပြထားတာရှိတယ်လို့ သိရပါတယ်။

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေဟာ အနည်းဆုံး အခကြေးငွေ နှုန်းထားတစ်ခုကို သတ်မှတ်နိုင်ဖို့ လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်လောက်ကစပြီး စတင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org