လားရှိုးပြည့်မဏ္ဍိုင် သတင်း​ထောက် ဥက္ကဋ္ဌအိမ် ဗုံးပစ်ခံရ

2021.03.23
လားရှိုးပြည့်မဏ္ဍိုင် သတင်း​ထောက် ဥက္ကဋ္ဌအိမ် ဗုံးပစ်ခံရ လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခံခဲ့ရတဲ့ လားရှိုးမြို့ရပ်ကွက် ၁ နတ်ရေကန်လမ်းသွယ် ၉ က ပြည့်မဏ္ဍိုင်သတင်းထောက် ဥက္ကဋ္ဌဦးတင်သန်း နေအိမ်။
Photo: Citizen Journalist

လားရှိုးမြို့ရပ်ကွက် ၁ နတ်ရေကန်လမ်းသွယ် ၉ မှာရှိတဲ့ ပြည့်မဏ္ဍိုင်သတင်းထောက် ဥက္ကဋ္ဌဦးတင်သန်း နေအိမ် လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

နေ့လယ် သုံးနာရီလောက်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောာက်က နေအိမ်အရှေ့ကနေ လက်လုပ်မိုင်းလို့ ယူဆရတဲ့အရာနဲ့ ပစ်ခတ်သွားတာဖြစ်ပြီး သား​ဖြစ်သူနဲ့ သမီးဖြစ်သူနှစ်ဦး ထိခိုက်ဒဏ်ရာရတာကြောင့် လားရှိုးစစ်ဆေးရုံကို ပို့ဆောင်ဆေးကုသနေရပါတယ်။

နေအိမ် ဘုရားစင်နားမှာ တစ်လုံးနဲ့ ခြံဝင်းအတွင်းက အိမ်မကြီးနဲ့ ဘေးကပ်လျက် အဆောင်ကြားမှာ တစ်ခု စုစုပေါင်း လက်လုပ်မိုင်း နှစ်လုံးနဲ့ ပစ်ခတ်သွားတာဖြစ်ပြီး နေအိမ်ဘေးအခန်းမှာ အိပ်နေတဲ့ သမီးဖြစ်သူရဲ့ ဝမ်းဗိုက်နဲ့ ခြေထောက်မှာ ထိခိုက်ခဲ့သလို သားဖြစ်သူလည်း ခြေထောက်မှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဦးတင်သန်းက ပြောပါတယ်။

သူ့အနေနဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သလို လက်ရှိကာလမှာ သတင်းတွေ မလိုက်ဘဲ နားထားဖို့ သူ့ရဲ့သတင်းထောက်တွေကို ပြောထားပေမယ့် စစ်ထွက်တစ်ယောက် ဖြစ်တာကို မသိဘဲ အထင်လွဲမှုတွေ ရှိနေတယ်လို့ သူကပြောပါတယ်။ သူ့အနေနဲ့ သတင်းသမားတစ်ယောက်ရဲ့ ကျင့်ဝတ်အတိုင်း သတင်းရေးသားခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ နေအိမ်ကို ရဲနဲ့တပ်က တာဝန်ရှိသူတွေ လာရောက်စစ်ဆေးနေတာကို တွေ့ရပါတယ်။ လားရှိုးမှာ မနေ့ကလည်း မြို့နယ် ရဲတပ်ဖွဲ့ရုံးအတွင်း လက်လုပ်မိုင်းတစ်လုံးနဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။