လောက်ကိုင်နဲ့ ကုန်းကြမ်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်း မြို့နယ်တို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို လောက်ကိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို တွေ့ရစဉ် Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်း မြို့နယ်တို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို လောက်ကိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မနေ့က ထုတ်ပြန်လိုက် ပါတယ်။

ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေရရှိထားတာကြောင့် ပုဒ်မ ၁၄၄ ကြေညာထားတာဖြစ်တယ်လို့ ကိုးကန့်စာပေ နဲ့ ယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဌ ဦးဟော်ရှောက်ချမ်းက ပြောပါတယ်။

"ကျနော်တို့ ဒီက ညကအချိန်သတ်မှတ်ပြီးတော့ ထုတ်ပြန်တယ်။ ညကို   မထွက်ဖို့၊ ညထွက်ရင် မှားမှာစိုးလို့ပါ။ အခုက လာလာပြီးတော့ ကျနော်တို့ကို   မြို့ကိုလာပြီးတော့မှ အနှောင့်ယှက်ပေးဖို့ရယ်၊ ကျနော်တို့  လူထုရှိ  တဲ့နေရာကို မိုင်းခွဲဖို့ရယ် ကျနော်တို့ သတင်းရလို့ ကြေညာထားတာ။   လောက်ကိုင် လည်း အလားတူပေါ့နော်။ ကျနော်တို့က အသံချဲ့စက်နဲ့ အော်ထားတာ။   ကြိုတင်ကာကွယ်တဲ့သဘောမျိုး။ ကြီးကြီးကျယ်ကျယ် မရှိပါဘူး"

လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အများပြည်သူတွေ လိုက်နာကျင့်သုံးနိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လုံခြုံရေးတာဝန်ရှိသူကလွဲပြီး ည ၈ နာရီကနေ မနက် ၅ နာရီအထိ ဘယ်သူမဆို အမိန့်မရဘဲ လမ်းပေါ်တွေမှာ မသွားဖို့၊ လမ်းမကြီးတွေ၊ အများပြည်သူသွားတဲ့ လမ်းတွေ၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦနေရာတွေမှာ လူ ၅ ယောက် ဒါမှမဟုတ် လူ ၅ ယောက်ထက် ပိုပြီး စုဝေးတာတွေ၊ စီတန်းလှည့်လည်တာတွေ၊ ဟစ်ကြွေးတာတွေ၊ လှုံ့ဆော်တာတွေ၊ ရုန်းရင်းဆန်ခတ်လုပ်တာတွေ မလုပ်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org