လောက်ကိုင်မြို့နယ်မှာ အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်

တိုက်ပွဲတွေကြောင့် နယ်မြေမတည်ငြိမ် မှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ကြတဲ့ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရ ရုံးတွေ ဒီနေ့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို တွေ့ရစဉ် Photo: Kan Thar/ RFA

တိုက်ပွဲတွေကြောင့် နယ်မြေမတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရရုံးတွေ ဒီနေ့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ် ပါတယ်။

လောက်ကိုင်မြို့အခြေစိုက် အစိုးရရုံးတွေ အားလုံးနီးပါး ပြန်ဖွင့်ထားပြီး ဝန်ထမ်းတွေနဲ့ အရပ်ဖက်အဖွဲ့တွေ စုပေါင်းပြီး သန့်ရှင်းရေးတွေ စလုပ်နေတယ် လို့ လောက်ကိုင်မြို့ ကြက်ခြေနီအဖွဲ့ဝင် ဦးစောရွှေမြင့်က ပြောပါတယ်။

"အခုရုံးတွေက အကုန်နီးနီး ပြန်ဖွင့်နေပါပြီ အခုဝန်ထမ်းတွေနဲ့ ကျနော်တို့ ကြက်ခြေနီနဲ့ ပရဟိတအဖွဲ့တွေ စည်ပင်အဖွဲ့တွေနဲ့ စုပေါင်းပြီး သန့်ရှင်းရေးတွေလုပ်နေပါတယ်။ မြို့ရွာသန့်ရှင်းရေးတွေကို လုပ်နေတယ်ပေါ့"

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ တပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့အကြား ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့စပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျောင်းဆရာမ တစ်ယောက်အပါအဝင် အရပ်သား ၂၀ လောက် သေဆုံးခဲ့ရတယ်လို့ နိုင် ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံ ၂ သောင်း ကျော်ရှိပြီး လောက် ကိုင်မှာ သွားရောက်အလုပ်လုပ်ကိုင်နေ ကြတဲ့ ဒေသအသီးသီးက အလုပ်သမားတွေလည်း နေရပ်ပြန်ခဲ့ကြရပါ တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org