မဟာသန္တိသုခကျောင်း သံဃာ ၅ ပါး လူဝတ်လဲ၊ အင်းစိန်ထောင်ကိုပို့
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက်က ပီနန် ဆရာတော်ဘုရားကြီးရဲ့ လက်ထောက်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး ကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ ဒီကနေ့ တာမွေမြို့နယ် တရားရုံးမှာ လူဝတ်လဲပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
-
2014-06-13 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက်က ပီနန် ဆရာတော်ဘုရားကြီးရဲ့ လက်ထောက်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ ဒီကနေ့ တာမွေမြို့နယ် တရားရုံးမှာ လူဝတ်လဲပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
တာမွေမြို့နယ် တရားရုံးကိုသွားရောက်ခဲ့တဲ့ ဆရာတော် ဦးပါမောက္ခက အခုလို မိန့်ကြားပါတယ်။
"ဘုန်းကြီးတို့ တာမွေတရားရုံးကို သွားပါတယ်၊ သွားတဲ့အခါကျတော့ အဲ့မှာစာရေးမတွေနဲ့တွေ့တယ်၊ ဦးဥတ္တရတို့ကို ရုံးထုတ်သွားပြီတဲ့ အဲ့လိုလူဝတ်နဲ့ ထုတ်တာလား၊ ရဟန်းဝတ်နဲ့ ထုတ်တာလားလို့ မေးတဲ့အခါမှာ လူဝတ်နဲ့ထုတ်တာ၊ ဘယ်နှစ်ပါးလဲဆိုတော့ ၅ ပါးလို့ပြောပါတယ်၊ နောက်တခါ ဘယ်နေ့ရုံးချိန်းလဲ မေးတဲ့အခါကျတော့ ၂ဝ ရက်နေ့ ရုံးချိန်းလို့ဖြေရပါတယ်"
မဟာသန္တိသုခကျောင်းတိုက် ဆရာတော် ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံကို သွားရောက်နေစဉ် ကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဦးဥတ္တရအပါအဝင် သံဃာအပါးနှစ်ဆယ်ကို ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ချိန်မှာ ရဲတပ်ဖဲ့ွဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကရုံးမှာ ထိန်းသိမ်းခဲ့ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံဃာတော် ၁၅ ပါးကို ဇွန်လ ၁၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။
ဒီအကြောင်း တာမွေတရားရုံးကို သွားရောက်ခဲ့တဲ့ ဦးပါမောက္ခကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်လျှောက်ထား မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။