အီဘိုလာရောဂါ သံသယရှိသူ အခြေအနေ တိုးတက်ကောင်းမွန်

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေကနေ ပြန် လာသူ မြန်မာ နိုင်ငံသားတစ်ဦးကို အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံမှာ အထူး ကြီးကြပ်ကုသ ပေးနေရာမှာ လူနာမှာ ငှက်ဖျားရောဂါ ပိုး ၂ မျိုး ရှိနေတာတွေ့ရတယ်လို့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေး ဦးစီးဌာနရဲ့ ဒုတိယ ညွန် ကြားရေးမှူး ဒေါက်တာထွန်းတင် က ပြောပါ တယ်။

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေကနေ ပြန်လာသူ မြန်မာ နိုင်ငံသား တစ်ဦးကို အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံမှာ အထူးကြီးကြပ် ကုသ ပေးနေရာမှာ လူနာမှာ ငှက်ဖျားရောဂါပိုး ၂ မျိုး ရှိနေတာတွေ့ရတယ်လို့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေး ဦးစီးဌာနရဲ့ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာထွန်းတင် က ပြောပါ တယ်။

ရန်ကုန်ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်း စစ်ဆေးချက်တွေအရ ငှက်ဖျားရောဂါပိုး ရှိနေတယ်ဆိုတာကို သိထားရတာ ဖြစ်ပြီး အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးဖို့ကိုတော့ လူနာရှင်ရဲ့ သွေးနမူနာ တွေကို အိန္ဒိယနိုင်ငံက ဓါတ်ခွဲခန်းကိုပေးပို့ဖို့ စီစဉ်နေတယ်လို့ ဒေါက်တာထွန်းတင်က RFA ကိုပြောပါ တယ်။

"ဘာပဲဖြစ်ဖြစ် ကျနော်တို့ ငှက်ဖျားရောဂါတွေ့လို့ ငှက်ဖျားရောဂါကို ကုသမှှုပေးပြီးတော့ လူနာကိုသက်သာစေပေမဲ့လည်းဘဲ၊  ကျနော်တို့က ဒီသွေးနမူနာကိုတော့ ဓါတ်ခွဲစမ်းသပ်စစ်ဆေးဖို့ အတွက်ကို စီစဉ်နေပါတယ်၊ ဒီအဖြေထွက်လာတော့မှပဲ ကျနော်တို့က အီဘိုလာရောဂါ ဖြစ်၊ မဖြစ် ပြန်ပြောနိုင်ပါမယ်၊ အခုအနေထားအားဖြင့်တော့ ကျနော်တို့ မြန်မာပြည်မှာတော့ မဟုတ်ဘူး၊ အိန္ဒိယနိုင်ငံ ပူနေးမြို့ကို ပို့ရမယ့်အတွက်ကြောင့်မို့လို့ ဒီအင်တာနေရှင်နယ် လေကြောင်းတွေ နဲ့ တင်ပို့ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွေကလည်း အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျှက်ရှိတယ်၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့၊ အနီးကပ်ပူးပေါင်းပြီးတော့ ဆောင်ရွက်လျှက်လည်း ရှိပါတယ်၊ ဓါတ်ခွဲခန်းနမူနာကို ရဖို့အတွက်ကိုပဲ ကျနော်တို့ ဒါအခု ညှိနှှိုင်းဆောင်ရွက်နေတာ တော်တော်လေးကို အခြေအနေကောင်းပါတယ်၊  အဆင်ပြေနေပါပြီ"

လူနာဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက် ညက  ထိုင်းနိုင်ငံကတဆင့် ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းစစ်ဆေးတဲ့အခါ အပူချိန်မြင့်နေတဲ့အတွက် အီဘိုလာ ဗိုင်းရပ်စ်ပိုး သံသယ ရှိတဲ့အတွက် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်စစ်ဆေးကုသခံ နေရတာလည်း ဖြစ်ပါတယ်။ လူနာဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အီဘိုလာ ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ ဂီနီနဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဗဟိုကူးစက်မှု တိုက်ဖျက်ရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာထွန်းတင်ကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org