မြန်မာကို အဖွဲ့ဝင်လောင်းလျာ နိုင်ငံအဖြစ် EITI အဖွဲ့ လက်ခံ

မက္ကဆီကိုနိုင်ငံ Mexico City မှာ ကျင်းပခဲ့ တဲ့ EITI ခေါ် သဘာဝတွင်းထွက် သယံ ဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ရဲ့ ၂၇ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံကို အဖွဲ့ ဝင်လောင်းလျာ နိုင်ငံအဖြစ် လက်ခံ လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်က အင်္ဂလီကန်ဘုရားရှိခိုးကျောင်းမှာ ဇန်နဝါရီလ ၈ ရက်နေ့ကလုပ်တဲ့ EITI အလုပ်ရုံဆွေးနွေးပွဲကို တွေ့ရစဉ် photo: RFA/ Kyaw Myo Min

မက္ကဆီကိုနိုင်ငံ Mexico City မှာ ကျင်းပခဲ့တဲ့ EITI ခေါ် သဘာဝတွင်းထွက် သယံဇာတများ ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေးအဖွဲ့ရဲ့ ၂၇ ကြိမ်မြောက် အစည်း အဝေးမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်းလျာ နိုင်ငံအဖြစ် လက်ခံ လိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၄၄ နိုင်ငံပါဝင်တဲ့ EITI အဖွဲ့မှာ ပါဝင်ရေးအတွက် ပြီးခဲ့တဲ့ မေလက လျှောက်ထားခဲ့ တာ ဖြစ်ပါတယ်။

အခုလို မြန်မာ ကို အဖွဲ့ဝင်လောင်းလျာ နိုင်ငံအဖြစ် လက်ခံလိုက်တာကြောင့်၊ အဖွဲ့ဝင်ဖြစ်ရေးအတွက် ပထမအဆင့်အောင်မြင်သွားပြီဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်လာဖို့အတွက်ကတော့ မြန်မာနိုင်ငံအ တွင်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တခြား တွင်းထွက်သယံ ဇာတပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ EITI ရဲ့ စံနှုန်းတွေ နဲ့အညီ သုံးနှစ် ဆက်တိုက် ပွင့်လင်းမြင်သာမှု ရှိရှိ အသိပေး ကြေညာရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတွင်းက ရေနံ၊ သဘာဝဓါတ်ငွေ့၊ သတ္တုမိုင်း စတာတွေကို ပိုင်ဆိုင်လုပ်ကိုင် နေကြတဲ့ ကုမ္ပဏီတွေရဲ့ စာရင်းတွေ၊ ကုမ္ပဏီတွေဆီကနေ အစိုးရကရရှိတဲ့ ဝင်ငွေ၊ ရရှိပုံ ရရှိနည်း စတာတွေကို တင်ပြဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

EITI အဖွဲ့ ဥက္ကဌ က အဖွဲ့အနေနဲ့ မြန်မာကို လက်ခံလိုက်တဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြား ကုမ္ပဏီတွေကို  သဘာဝသယံဇာတတွေ ထုတ်ယူဖို့ လုပ်ငန်းလိုင်စင်တွေချပေးနေတဲ့၊ တကယ့် အရေးကြီးတဲ့အချိန် ဖြစ်နေ ကြောင်း၊ အစိုးရ ဘာတွေလုပ်နေတယ်၊ ဘယ်ပုံ ဘယ်နည်း လုပ်နေတယ် ဆိုတာတွေကို နိုင်ငံသားတွေ သိရှိဖို့ လိုအပ်ကြောင်း၊  စံချိန်စံညွှန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ကိုင်နိုင်ဖို့ EITI က ကူညီအားပေး ဆောင်ရွက် မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org