အမျိုးသား လူ့အခွင့်အရေးကော်မရှင် လွတ်လပ်မှုရှိကြောင်း လွှတ်တော်မှာ ဖြေကြား

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်ဟာ နိုင်ငံတော်ဘဏ္ဍာငွေကို သုံးစွဲနေပေမယ့် သီးခြားလွတ်လပ်တဲ့ အဖွဲ့ အစည်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးဝင်းမရ က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းမမှာရှိတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ရုံးကို တွေ့ရစဉ် photo: Myanmar National Human Rights Commission Facebook

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဟာ နိုင်ငံတော်ဘဏ္ဍာငွေကို သုံးစွဲနေပေမယ့် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ကော် မရှင် ဥက္ကဌ ဦးဝင်းမရ က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်း က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်သလား ဆိုပြီး မေးမြန်းခဲ့ရာမှာ ကော်မရှင် ဥက္ကဌ ဦးဝင်းမရ က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုပြီး ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ နိုင်ငံတော်က ဥပဒေတစ်ရပ် ပြဌာန်းဖွဲ့စည်းပေးပြီး နိုင်ငံတော်က ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် လွတ်လပ်စွာဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်၊ ကုလသမဂ္ဂက ပြဌာန်းပေး ထားသည့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အခြေခံမူများ၊ ပါတီအခြေခံမူများနှင့် ကိုက်ညီမှုရှိပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပါသည်"

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ သုံးနှစ်အတွင်း အစီရင်ခံစာ ၂၁ စောင် ထုတ်ပြန်ခဲ့ကြောင်းနဲ့ ကော်မရှင်အနေနဲ့ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကို အဓိက ဖြေရှင်းပေးနေကြောင်းလည်း ဦးဝင်းမရ က ပြောပါတယ်။

အဲဒီကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆင့်မြင့်အရာရှိ ၁၁ ဦးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းခဲ့ပေမဲ့ ဥက္ကဌအဖြစ် ဦးဝင်းမရနဲ့ ဒုတိယဥက္ကဌအဖြစ် ဦးစစ်မြိုင်တို့က ဆက်လက်တာဝန်ယူထားဆဲ ဖြစ်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်သင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org