မိကျောင်းကန်သပိတ်စခန်း မရုပ်သိမ်းဘူးလို့ ဆန္ဒပြ သူတွေ ပြောကြား
2015.02.25

ရန်ကုန်မြို့ မြို့တော်ခန်းမအနီးက မိကျောင်းကန်သပိတ် စခန်းကိုဖယ်ရှားပေးဖို့ ကျောက်တံတား မြို့နယ်အုပ် ချုပ်ရေးအဖဲ့ွက သတိပေးထားပေမဲ့ သပိတ်စခန်းကို ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ဒီနေ့မနက်မှာလာပြီး သတိပေးသွားတာဖြစ်တယ်လို့ မိကျောင်းကန်သပိတ် စခန်းမှာ ဆန္ဒပြနေသူ ဒေါ်ချိုက ပြောပါတယ်။
" လူကြီးတွေ ၁၀ ယောက်ကျော်လောက် လာခေါ်တယ်၊ အရှေ့ကိုခဏလောက်ထွက်ခဲ့ပါတဲ့၊ သူတို့က ဒီမှာလမ်းဖောက်နေပြီ တဲ့၊ မြောင်းဖောက်နေပြီ၊ ဖယ်ပေးရတော့မယ်တဲ့၊ သူတို့လဲဆက်ဖောက်မယ်ပေါ့နော်၊ ခင်ဗျားတို့လဲ ဒီမှာနေနေတာရက်အတော်ကြာနေပြီပေါ့၊ ပြီးတော့လဲထောင်ကျတဲ့သူကကျနေပြီပေါ့၊ အဖမ်းအဆီးတွေလဲ ခံနေရတယ်ပေါ့၊ ကိုယ့်အိမ်ကိုပြန်ပြီးတော့ နေပြီးတော့တောင်းဆိုကြပါတဲ့၊ အဲ့လိုပြောတယ်၊ မိကျောင်း ကန်မြေနေရာသော်လည်းကောင်း၊ မိကျောင်းကန်မြေနဲ့ တန်တဲ့ငွေသော်လည်းကောင်း၊ အချက် ၄ ချက်တောင်းဆိုထားပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့အဖြေအတိအကျ မသိရသေးခြင်းတော့ ရွှေ့ပြောင်းပေးလို့ မရသေးဘူးပေါ့ "
သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က သိမ်းဆည်းခံရတဲ့ မြေနေရာ တွေပြန်လည်ရရှိဖို့အတွက် မြို့တော်ခန်းမအနီးမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတာ အခုဆိုရင် ၁၁ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။
မိကျောင်းကန်သပိတ်စခန်းက ဦးဆောင်သူ ဦးစိန်သန်းဟာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပြီး မြို့တော် ခန်းမကို ပိတ်ဆို့ဆန္ဒပြခဲ့သူ ၁၄ ဦး လည်း ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။