CRPH ကို မတရားအသင်းအဖြစ် စစ်ကောင်စီကြေညာ

2021.03.22
CRPH ကို မတရားအသင်းအဖြစ် စစ်ကောင်စီကြေညာ ရန်ကုန်မှာ မတ်လ ၇ ရက်နေ့က CRPH ထောက်ခံကြောင်း ဆရာဆရာမတွေ ဆန္ဒပြစဉ်
Photo: RFA

အာဏာသိမ်း စစ်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ် မတ်လ ၂၁ ရက် မနေ့ညပိုင်းက ကြေညာလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အဲဒီကော်မတီနဲ့ ဆက်နွယ်နေသူတွေနဲ့ အဲဒီကော်မတီကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဟာ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူတို့ရဲ့ အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်စေတာကြောင့် မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း မနေ့က ရက်စွဲနဲ့ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီကြေညာချက်ကို အရင်ထုတ်ပြန်နေကျ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုး ထုတ်ပြန်တာမျိုး မဟုတ်ဘဲ၊ အမိန့်အရ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ဆက်လုံးမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝါရင့် လွှတ်တော် အမတ်တစ်ဦးကတော့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီကသာ တရားမဝင်တဲ့ အဖွဲ့ဖြစ်တာကြောင့် ဒီကြေညာချက်ဟာ အတော်ရီစရာ ကောင်းတဲ့ ဟာသတစ်ပုဒ်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်ရက်စက်တဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ပြီး၊ ပြည်သူလူထုကရော နိုင်ငံတကာအသိုက်အဝန်းကပါ အသိအမှတ် မပြုတာကြောင့်၊ စစ်ကောင်စီကထုတ်ပြန်တဲ့ ကြေညာချက် တိုင်းကို မြန်မာပြည်သူတွေက အသိအမှတ်ပြုလက်ခံမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဟာ ပြည်သူလူထု ရွေးကောက်တက်မြှောက်ထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် တရားဝင်အဖွဲ့အစည်းဖြစ်ပြီး၊ သူတို့ရဲ့ တရားဝင်မှုကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဖျက်သိမ်းလို့မရကြောင်းလည်း အမည်မဖေါ်လိုတဲ့ အဲဒီ NLD လွှတ်တော်အမတ်က ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-22 04:05

We stand with CRPH
Cause of the Myanmar military coup is terrorist group which is never been recognized by people.