သတင်းထောက်နှစ်ဦးကို ထောင်ဒဏ်နှစ်ရှည်ချမှု သတင်းမီဒီယာဥပဒေကို မျက်ကွယ်ပြုရာရောက်

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာဟာ တရားရုံး အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေကို မျက်ကွယ်ပြုရာရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Htet Arkar/RFA

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာဟာ တရားရုံး အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေကို မျက်ကွယ်ပြု ရာရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမှုကိုစီရင်ချက်ချတဲ့အချိန်မှာ သတင်းမီဒီယာဥပဒေထဲက စကားလုံးတချို့ကို တလွဲအသုံးချသွားတာ တွေ့တယ်လို့  သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

"၂၀၀၈ အခြေခံဥပဒေဆိုတာက ၃၅၄ လေးမှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သိပိုင်ခွင့်ဆိုတဲ့ ဟာမျိုးတို့ အဲဒါကိုဆိုလိုတာပေါ့၊ နောက်တစ်ခုကတော့ သတင်းမီဒီယာဥပဒေမှာ အခန်း ၃(၆)မှာရယ် အဲဒါက သတင်းအချက်အလက် ရပိုင်ခွင့်ပေါ့နော်၊ လျှို့ဝှက်သတ်မှတ်ထားတဲ့ဟာတွေမှ အပဆိုပြီးတော့ ရေးထားတယ်၊ ဒါပေမဲ့ အဲဒါက ရပိုင်ခွင့် ဒါပေမဲ့ မနေ့က အမိန့်ချတဲ့အခါမှာ ဒီဟာကို ကိုးကားပြီးတော့ သူကကန့်သတ်ချက်အဖြစ်နဲ့ အဓိပ္ပါယ်ဖွင့်ပြီးတော့ တလွဲသုံးတဲ့ အဓိပ္ပါယ်မျိုးလို့ ကျနော်တို့ မှတ်ယူတယ်၊ ဒါကြောင့် အဲဒါကိုဖော်ပြတာ"

သတင်းမီဒီယာကောင်စီအနေနဲ့ အမှုနဲ့ပတ်သက်ပြီး အစိုးရ၊ ပြည်ထဲရေးနဲ့ တပ်မတော်ကို သီးသန့်စာပေး ဖို့ ဆွေးနွေးမဆုံးဖြတ်ရသေးကြောင်း အရင်တစ်ကြိမ်က အမှုနဲ့ ပတ်သက်လို့ အဖွဲ့အစည်း ၃ ရပ်လုံးကို စာပေးပို့ အကြောင်းကြားပေမယ့် တစ်စုံတရာအကြောင်းပြန်ခြင်း မရှိကြောင်းကိုလည်း ဦးမြင့်ကျော်က ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မနေ့က နိုင်ငံတော်လျှိုးဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ် လိုက်တဲ့အပေါ် သတင်းမီဒီယာကောင်စီ အစည်းအဝေးက အချက် ၇ ချက်ပါဝင်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်အရ သတင်းမီဒီယာဥပဒေအရ သတင်းသမားတစ်ဦးဟာ ဥပဒေပါအချက်တွေ အတိုင်း လွတ်လပ်စွာ သတင်းအချက်အလက် တောင်းယူပိုင်ခွင့် ပြောဆိုရေးသားပိုင်ခွင့်ရှိကြောင်း၊ အခုလို ဖမ်းဆီးထောင် ချလိုက်တာဟာ လွတ်လပ်စွာ သတင်းရယူဖော်ထုတ်ခွင့်ကို ထိခိုက်စေရုံသာမက ပြည်သူတွေဆီကို သတင်းမှန် သိခွင့်နဲ့ ဒီမိုကရေစီနိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org