နိဒင်ကျေးရွာက မွတ်စလင် IDP စခန်းကို အပြီးသတ် ပိတ်သိမ်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ မွတ်စလင် IDP စခန်းကို အပြီးသတ် ပိတ်သိမ်းလိုက်ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ မွတ်စလင် IDP စခန်းကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ မွတ်စလင် IDP စခန်းကို အပြီးသတ် ပိတ်သိမ်းလိုက်ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောက်တော်မြို့ပေါ်မှာနေထိုင်တဲ့ မွတ်စလင် အိမ်ထောင်စု ၈၅ စုနဲ့ လူဦးရေ ၅၈ဝ ကျော်ဟာ နိဒင်ကျေးရွာကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြတာဖြစ် ပါတယ်။

အဲဒီစခန်းက ဒုက္ခသည်တွေနဲ့ သဘောတူ ညှိနှိုင်းမှုအရ သူတို့ကို မူလနေရာမှာ ပြန်လည်နေရာမပေးဘဲ နိဒင်ကျေးရွာ အနောက်ဘက် လယ်ကွင်းပြင်မှာ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်နေရာချထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို စခန်းပိတ်သိမ်းလိုက်တဲ့ မွတ်စလင်တွေရဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် အစိုးရဘက်က ဆက်လက်ပံ့ပိုး ကူညီသွားမယ်လို့လည်း ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်ကပြောပါတယ်။

မွတ်စလင် ဒုက္ခသည်တွေဘက်ကတော့ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုအပ်တယ် လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org