မြင်းခြံက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

2021.08.29
မြင်းခြံက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ မြင်းခြံမြို့နယ် ရန္တပိုကျေးရွာက စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးကို တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရန္တပိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးကို သြဂုတ်လ ၂၈ ရက် မနေ့ညက သတ်ဖြတ်ခဲ့တယ်လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ပါတယ်။

ဦးမြတ်စိုးက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက်တာ၊ PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ကိုစောင့်ကြည့်ပြီး သတင်းပေးတာတွေ လုပ်တဲ့အတွက် အခုလို ရှင်းလင်းရတာလို့ နှလုံးလှလူမိုက်ကြီးများ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သတင်းပေးတာတွေရှိတယ်။ နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားတဲ့သူတွေကိုလည်း ခြိမ်းခြောက်တာ တွေ ရှိတယ်။ အဲတာကြောင့် ရှင်းလင်းရတာပါ”

အခုသြဂုတ်လထဲမှာ မန္တလေးတိုင်း တောင်သာမြို့နယ်ထဲက ညောင်ကန်ရွာနဲ့ မီးပေါက်ရွာတွေက စစ်ကောင်စီ ခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် သူဌေးကုန်းရွာ အုပ်ချုပ်ရေး မှူးတို့ကိုလည်း ရှင်းလင်းခဲ့တယ်လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာ အုပ်ချုပ်ရေး မှူး ဦးသိန်းထွန်းဌေးဟာ နေအိမ်မှာရှိနေစဉ် သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။