မြစ်ဆုံကော်မရှင် လူထုနဲ့ တွေ့ဆုံ

ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်နဲ့ဆက်စပ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ၊ လူမှုပတ်ဝန်းကျင်နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုစတဲ့ ဘက်ပေါင်းစုံ မှာ ဖြစ်ပေါ်နိုင်တဲ့ အကျိုးသက်ရောက် မှုတွေကို လေ့လာ သုံးသပ်ပြီး အစီရင်ခံစာတင်သွားမှာဖြစ်တယ်လို့ ဧရာဝ တီမြစ်ဆုံ မြစ်ညာ မြစ် ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း များ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် အတွင်းရေး မှူး ဒေါက်တာ ဝင်းသိမ်း က ပြောပါတယ်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် စက်တင်ဘာ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့မှာ လူထုနဲ့ တွေ့ဆုံစဉ် Photo: Kyaw Myo Min/ RFA

ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်နဲ့ဆက်စပ်နေတဲ့ သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစတဲ့ ဘက်ပေါင်းစုံ မှာ ဖြစ်ပေါ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာသုံးသပ်ပြီး အစီရင်ခံစာတင် သွားမှာဖြစ်တယ်လို့ ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာဝင်းသိမ်း က ပြောပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ တွေ့ဆုံစဉ် မှာ ဒေါက်တာဝင်းသိမ်း ကပြောတာဖြစ်ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်လာသူတွေက မေခ၊ မလိခနဲ့ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်း ၇ ခုကို ကန့်ကွက်ကြောင်း တင်ပြခဲ့ကြပါတယ်။

ကော်မရှင်ဟာ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လေးရက်ကြာမြင့်တဲ့ ခရီးစဉ်အတွင်းမှာ ဧရာဝတီမြစ်ဆုံရှုခင်းသာနဲ့ စီမံကိန်းဧရိယာ၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရတဲ့ အောင်မြင်သာ နဲ့ မလယန်ကျေးရွာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။

ကော်မရှင်ကိုပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စုံစမ်းတွေ့ရှိချက်တွေရဲ့ ပထမ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တင်သွင်းရမှာဖြစ်ပါတယ်။

ပထမအစီရင်ခံစာမတင်သွင်းမီမှာ လိုအပ်ရင် နိုင်ငံတော်သမ္မတထံ ကြားဖြတ် အစီရင်ခံစာ တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာလို့လည်း ကော်မရှင် အဖွဲ့ဝင်တွေက ပြောခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ပြည်နယ်အစိုးရ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့တချို့နဲ့ လူမှုအဖွဲ့အစည်းနဲ့ ရပ်မိရပ်ဖတွေ အပါအဝင် ဒေသ ခံတွေ ၇၀၀ ဝန်းကျင်တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org