တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ရဖို့ ၄၃၆ ပြင်ရမယ်လို့ ဦးတင်ဦး ပြောကြား
တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်မှု ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရမယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး က ဒီကနေ့ ပြော လိုက်ပါတယ်။
-
2014-06-11 -
-
-
Your browser doesn’t support HTML5 audio
တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်မှုရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး က ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ဧရာဝတီတိုင်း ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုသဘော ထား ကောက်ခံပွဲမှာ သူရဦးတင်ဦး က အခုလို ပြောလိုက်တာပါ။
"တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ယုံကြည်မှှုမရသမျှ ကာလပတ်လုံး တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ချစ်ကြည်လေးစားမှှု မရသမျှ ကာလပတ်လုံး ဘယ်တော့မှ ငြိမ်းချမ်းရေးမရဘူး တိုးတက်စရာ အကြောင်းမရှိဘူး၊ ကျနော်တို့ တိုင်းပြည်ရှေ့ဆက် သွားဖို့ ရှိသင့်ရှိထိုက်တဲ့ ညီညွတ်မှှုအားလိုနေတယ် အဲ့ဒါကို ဖြည့်ဆည်းနိုင်ဖို့လိုတယ်၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ ခုနကလို အရံအတား၊ အပိတ်အပင်ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ဒကို ဖြုတ်လိုက်မှ ဒါကို ပယ်လိုက်မှ ဒါကို တင်းကြပ်မှှုမဟုတ်ပဲနဲ့ ပြောင်း လဲမြင်သာနိုင်အောင် ပြင်နိုင်မှသာလျှင် ကျနော်တို့ တိုင်းရင်းသား အားလုံးတွေက သက်ရှှုပေါက်ချောင် ပြီးတော့ ရှေ့ဆက်လုပ်သွားစရာအကြောင်း အများကြီးရှိတယ်"
ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင်ဖို့ လူထုဆန္ဒလက်မှတ်တွေကောက်ခံရတာဟာ ပြည်သူ့ဆန္ဒကို လွှတ်တော် ကိုယ်စား လှယ် တစ်ယောက်ချင်းစီက လွှတ်တော်ထဲကနေ တင်ပြပေးနိုင်ဖို့ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ က လည်း ဒီကနေ့ဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။
ဒီကနေ့ ပုသိမ်မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၅ ပြင်ဆင်ရေးလူထုသဘောထားလက်မှတ်ကောက်ခံတဲ့ ဟောပြောပွဲကို ဧရာဝတီတိုင်းအတွင်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာကိုလည်း တဆက် တည်း နားဆင်နိုင်ပါတယ်။