ပလက်ဝမြို့မှာ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၀၀ ကျော် ထပ်တိုး

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာသေး ခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဘောင်သား၊ ရီးမဝနဲ့ တုံးမဝဒေသခံတွေ တစ်စတစ်စ မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လာကြတာ ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ အိမ်ထောင်စု ၂၀၀ ကျော် ရှိနေတယ်လို့ ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ဘေးဒုက္ခသည်ကလေးများကို ၂၀၂၀ ခုနှစ် မေလမှာ တွေ့ရစဥ် Photo: Citizen Journalist

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တို့အကြား မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဘောင်သား၊ ရီးမဝနဲ့ တုံးမဝဒေသခံတွေ တစ်စတစ်စ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတာ ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ အိမ်ထောင်စု ၂၀၀ ကျော်ရှိနေတယ်လို့ ပလက်ဝမြို့က စစ်ဘေးဒုက္ခသည် စခန်း တာဝန်ခံတစ်ဦးက ပြောပါတယ်။

အဲဒီဒေသခံတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့လောက်ကစလို့ ထွက်ပြေးလာကြတာ ဖြစ်ပြီး မြို့ပေါ်က ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချပေးထားတယ် လို့ ပြောပါတယ်။

လက်ရှိ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီအထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် စခန်း ငါးခုနဲ့ ဒုက္ခသည် ၅၀၀၀ ကျော် ရှိပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် နေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ဦးရှိနေပြီး အဲဒီမတိုင်ခင်က နေရပ်စွန့်ခွာသူ ၃၄၆,၀၀၀ ဦး ရှိတာကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၂ သန်းကျော် ရှိတယ်လို့ UN OCHA က ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org