ဖားကန့်မှာ ဒေသခံ ၅ဝဝ ခန့် ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာက ကျောက်သွေးတောင် ဘုရားကွင်းမှာ ကျောက်မျက်ဥပဒေကို ပြင်ဆင်ပေးဖို့ ဖားကန့်ဒေသခံ ၅ဝဝ လောက်က ဒီကနေ့ ဆန္ဒပြ တောင်း ဆိုခဲ့ကြပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာက ကျောက်သွေးတောင် ဘုရားကွင်းမှာ ကျောက်မျက်ဥပဒေကို ပြင် ဆင်ပေးဖို့ ဖားကန့်ဒေသခံ ၅ဝဝ လောက်က ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီဥပဒေထဲမှာ အကြီးစားနဲ့ အလတ်စားတူးဖော်လုပ်ကိုင်ခွင့်၊ ဈေးပြိုင်စနစ်နဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွေချပေးတဲ့ ပြဌာန်းချက်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောက်မျက်ဥပဒေ ပြင်ဆင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဘရန်ရှောင်က ပြောပါတယ်။

"အကြီးစား ၁ဝ နှစ်၊ အလတ်စား ၅ နှစ် ဆိုတဲ့ဟာကို ကျနော်တို့ ဒါပြင်ဆင်ပေးဖို့၊ နောက်တစ်ခါ ဈေးပြိုင် စနစ်ကို ပယ်ဖျက်ပေးရန်ဆိုပြီးမှာ ကျနော်တို့ အဓိကပါ၊ အားလုံးရဲ့သဘောလည်း ဒါပါပဲခင်ဗျ၊ အဓိက အလတ်စားတူးဖော်ခြင်း ဆောင်ရွက်တဲ့အခါမှာ နောက်ပြီးတော့ ဈေးပြိုင်စနစ်တွေ လုပ်လာတဲ့အခါမှာ ကျနော်တို့ ဒေသခံပြည်သူလူထုတွေနဲ့ ကျနော်တို့ တိုင်းရင်းသားပြည်သူများဟာ လက်လှမ်းမမီနိုင်တဲ့ အခါကျတော့ အရင်းရှင် မူးယစ်ဆေးဝါး ငွေရှင်ကြေးရှင်တွေကပေါ့ သူတို့ကပဲ ဒီတူးဖော်ရေးလုပ်ငန်း လက်ဝါးကြီးအုပ်သွားတဲ့အပိုင်းရှိပါတယ်၊ ဒါကြောင့် ဒါကို တနိုင်တပိုင်၊ နောက်ပြီးတော့ ဈေးပြိုင်စနစ် မဟုတ်တဲ့ လေလံစနစ် အဲ့ဒီလိုပုံစံနဲ့ချခဲ့မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားပြည်သူများအနေ နဲ့ ပြန်လည်ရနိုင်မှာဖြစ်ပါတယ်"

ကျောက်မျက်ဥပဒေကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်နဲ့ ၂ဝဝ၃ ခုနှစ်တွေမှာ ပြင်ဆင်ပြဌာန်းခဲ့ပြီး  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ထပ်မံပြင်ဆင်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အခြေခံပြည်သူတွေလုပ်ကိုင်နိုင်တဲ့ တစ်နိုင်တပိုင် ကျောက်မျက်တူးဖော် လုပ်ကိုင်ခွင့်တွေပေး ဖို့ တောင်းဆိုကြပါတယ်။

တာမခံ၊ ဟောင်ပါး၊ ဝှေခါ၊ ဆိပ်မူ၊ မှော်စီစာ၊ လုံးခင်း စတဲ့ ဖားကန့်ကျောက်စိမ်းဒေသမှာ အရင်က ပြည်သူတွေဟာ ကိုယ်ပိုင်ကျင်းတွေကို တစ်နိုင်တပိုင် တူးဖော်လုပ်ကိုင်နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၉၉ဝ ကျော်ကစပြီး ဒေသခံပြည် သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ဝှေခါ၊ ဆိပ်မူ၊ ရှရော်ခ၊ လုံးခင်း စတဲ့ မှော်ရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ကျောက်မျက် ဥပဒေပြင်ဆင်ရေး ကော်မတီဟာ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org