ဖားကန့်ကျောက်စိမ်းတွင်းမှာ ရေမဆေးသမားတစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော်ကျေးရွာအုပ်စုက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက် ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား မနေ့က ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖားကန့်မြို့နယ် နမ့်မှော်ရွာအနီး ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်မှာ မီးလောင်ထားတာကို တွေ့ရစဉ် Photo: Zaw Moe Htet

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော်ကျေးရွာအုပ်စုက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား မနေ့က ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

မနေ့က ညနေ ၃ နာရီလောက်မှာ ကုမ္ပဏီပိုင်လုပ်ကွက်ထဲ ကျောက်ရှာဖွေသူတွေကို အချိန်ပြည့်လို့ လုပ်ကွက်ထဲက ပြန်ထွက်ခိုင်းရာကနေ စတင်အချင်းများကြတာလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။

အဲဒီလိုအချင်းများပြီးနောက် ရေမဆေးကျောက်ရွာဖွေသူတစ်ဦးကို ရဲက သေနတ်နဲ့ပစ်လို့ သေဆုံးသွားတာကြောင့် ရာနဲ့ချီတဲ့ ရေမဆေးကျောက်ရှာသူတွေက ရဲကားနှစ်စီးကို ဖျက်ဆီးလိုက်သလို ကုမ္ပဏီပိုင်အဆောက်အဦးကိုလည်း မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီကုမ္ပဏီလုပ်ကွက်ကနေ တစ်မိုင်ကျော်လောက်ဝေးတဲ့ ကုမ္ပဏီရှိတဲ့နေရာကို ရေမဆေး ကျောက်ရှာဖွေသူတွေ ချီတက်ကြပြီး ကုမ္ပဏီပိုင်အဆောက်အဦးကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြတာဖြစ်တယ်လို့ ဦးတင့်စိုးက ပြောပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ်ရဲစခန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့လည်း တာဝန်ကျဝန်ထမ်းတစ်ဦးက မသိကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org