လွှတ်တော်ကိုယ်စားလှယ်ကို အရေးယူမယ့်အကြောင်း Supreme ကုမ္ပဏီစာထုတ်

အစိုးရရဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်မီးထုတ်လုပ်ရေး စီမံကိန်းလေးခုထဲက နှစ်ခုကို လုပ်ပိုင်ခွင့် ရရှိထားတဲ့ Supreme ကုမ္ပဏီနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဟာ သူ့အနေနဲ့ သတင်းကြားတာကို ပြောတာဖြစ်ကြောင်း နဲ့ သတ္တိရှိလို့ လုပ်တာဖြစ်ကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးအမတ် ဦးမောင်မြင့် က ဒီနေ့ ပြောပါတယ်။

မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

အစိုးရရဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်မီးထုတ်လုပ်ရေး စီမံကိန်းလေးခုထဲက နှစ်ခုကို လုပ်ပိုင်ခွင့် ရရှိထားတဲ့ Supreme ကုမ္ပဏီနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဟာ သူ့အနေနဲ့ သတင်းကြားတာကို ပြောတာဖြစ်ကြောင်း နဲ့ သတ္တိရှိလို့ လုပ်တာဖြစ်ကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးအမတ် ဦးမောင်မြင့် က ဒီနေ့ ပြောပါတယ်။

ဦးမောင်မြင့်ရဲ့ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပမှာ ပြောကြားချက်တွေဟာ မဟုတ်မှန်ကြောင်းနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း Supreme Trading က ဇွန်လ ၅ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ခဲ့တဲ့အပေါ် သတင်းမီဒီယာတွေက မေးမြန်းမှုရာမှာ ဦးမောင်မြင့်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"အဲဒါက သူတို့အပိုင်း၊ သူလုပ်ချင်ရင်လုပ်ပေါ့၊ ငါကလည်း သူတို့ကိုစွပ်စွဲတာမဟုတ်ဘူးလို့ ပြောထားပြီးသားလေ၊ သဘောပေါက်လားမသိဘူး၊ ဟုတ်တယ်မို့လား၊ လွှတ်တော်မှာကတည်းက ကျနော်သတင်းကြားတာကိုပြော တာနော်၊ စွပ်စွဲတာမဟုတ်ဘူး၊ ငါရေးထားတာဆိုရင် ဝန်ကြီးဖြေစရာမလိုဘူးလို့ ငါရေးထားတယ်၊ ငါကအစ ကတည်းက ဖြေဖို့ပြောတာမဟုတ်ဘူး၊ ဒါတွေဖြစ်နေတာကိုပြောပြတာ၊ ဦးမောင်မြင့်က သတ္တိရှိလို့လုပ်တာ"

ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နဲ့ တနင်္သာရီဒေသတွေမှာ လက်ရှိအစိုးရလုပ်ဆောင်မယ့် စွမ်းအင်စီမံကိန်း လေးခုကို တင်ဒါမခေါ်ဘဲ ဆောင်ရွက်တယ်ဆိုပြီး မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် က ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က  ပြည်သူ့လွှတ်တော်မှာ ပြောခဲ့ပါတယ်။ အဲဒီစီမံကိန်းလေးခုကို Supreme ကုမ္ပဏီအပါအဝင် ပြည်တွင်းလုပ်ငန်းရှင်တချို့က နိုင်ငံတကာကုမ္ပဏီအချို့နဲ့ ပူးတွဲလုပ်ကိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

Supreme ကုမ္ပဏီဟာ ပြီးခဲ့တဲ့လအတွင်း ဝန်ကြီးတာဝန်ကနေ နုတ်ထွက်ထားတဲ့ ဦးကျော်ဝင်း ရဲ့ ဇနီးဖြစ်သူနဲ့ ဆက်စပ်တယ်လို့ ဦးမောင်မြင့်က မီဒီယာတွေကို ဇွန်လ ၄ရက်နေ့က ပြောခဲ့ပါတယ်။  ဒါ့အပြင် အဲဒီကုမ္ပဏီဟာ လက်ရှိလျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ပိုင်ဆိုင်တဲ့ UE ကုမ္ပဏီနဲ့ ပူးပေါင်းထားတယ်လို့ ကြားသိထားကြောင်း လည်း ပြောခဲ့တာဖြစ်ပါတယ်။

မနေ့က ကုမ္ပဏီက ထုတ်ပြန်ချက်မှာ Supreme ကုမ္ပဏီကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရေနံအင်ဂျင်နီယာဌာနရဲ့ အရင်ပါမောက္ခဌာနမှူး၊ မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်း နာယက၊ ဒုတိယဥက္ကဌပါမောက္ခ ဒေါက်တာစိန်မြင့် က ၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဦးမောင်မြင့်ရဲ့ ပြောကြားချက်တွေဟာ ကုမ္ပဏီ ဥက္ကဌ ဒေါက်တာစိန်မြင့်နဲ့ ပတ်သက်မှုမရှိကြောင်း မှန်ကန်မှု မရှိကြောင်းလည်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org