ပညာရေးအမှောင်ခေတ်ကာလလို့ စကားလုံးအသုံးအနှုန်းကို လွှတ်တော်မှတ်တမ်းမထည့်ဖို့ ဆုံးဖြတ်


2018.08.14
maungmyint-usdp-mp-622.JPG ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့် ကို ၂၀၁၈ သြဂုတ်လ ၁၄ ရက်နေ့က လွှတ်တော်မှာတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

၁၉၈၈ နောက်ပိုင်းကာလကို မြန်မာ့ပညာရေး အမှောင်ခေတ်ကာလအဖြစ် NLD ပါတီ ကိုယ်စားလှယ် သုံးနှုန်းမှုကို လွှတ်တော်မှတ်တမ်းမှာ မထည့်သွင်းဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ က ဆုံးဖြတ်လိုက်ပါတယ်။

အခြေခံပညာရေးကဏ္ဍမှာ အမျိုးသားဆရာဦးရေ သိသိသာသာကျဆင်းနေတဲ့အတွက် ဆရာဦးရေတိုးချဲ့ဖွဲ့စည်းဖို့ အစီအစဉ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို NLD ကိုယ်စားလှယ် ဦးမောင်သိန်းက မေးမြန်းရာမှာ ၁၉၈၈ နောက်ပိုင်းကာလ ကို မြန်မာ့ပညာရေးအမှောင်ခေတ်ကာလလို့ သုံးနှုန်းခဲ့တာပါ။

အဲဒီအသုံးအနှုန်းကို လွှတ်တော်မှတ်တမ်းမှာ မထည့်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့် က အခုလိုကန့်ကွက်ခဲ့ပါတယ်။

ပညာရေးအသုံးစရိတ်နည်းပါးတာ၊ အခွင့်အလမ်းတွေနည်းပါးတာ၊ လွတ်လပ်စွာပညာသင်ကြားခွင့် ဆုံးရှုံးတာတွေ ဟာ အမှောင်ခေတ်သဘောဖြစ်တယ်လို့ ဦးမောင်သိန်းက ပြောပါတယ်။ ဦးမောင်သိန်းဟာ ကျောင်းဆရာဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က မဆီလျော်တဲ့ စကားလုံးတွေကို မသုံးနှုန်းဖို့ သတိပေးပြီး အဲဒီအသုံး အနှုန်းကို လွှတ်တော်မှတ်တမ်းမထည်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။