အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်တယ်လို့ အတိုင်ပင်ခံ ပြောခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း ကိုဝလုံး ဇနီးပြော

ဂျပန်သတင်းဌာန NHK နဲ့ တေ့ွဆုံမေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေကို ကျူးလွန်တယ်ဆိုပြီး ပြောခဲ့တဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ကိုဝလုံး ရဲ့ ဇနီး မပန်းအိမွန် က ပြောပါတယ်။

ရိုက်တာသတင်းသမားနှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေ ၂၀၁၈ စက်တင်ဘာလ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် Photo: Htet Arkar/RFA

ဂျပန်သတင်းဌာန NHK နဲ့ တေ့ွဆုံမေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်တယ်ဆိုပြီး ပြောခဲ့တဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ကိုဝလုံး ရဲ့ ဇနီး မပန်းအိမွန် က ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေနှစ်ဦးက ဒီနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိမ်ထောင်ဦးစီးတွေက ထောင်ထဲမှာ ရှိနေတဲ့အတွက် မိန်းမသားတွေအနေနဲ့ အဆင်မပြေပေမယ့် အားတင်းထားကြောင်းလည်း ပြောပါတယ်။

ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုကတော့ ဖခင်ဖြစ်သူ ဖမ်းဆီးထောင်ချခံရတာနဲ့ ပတ်သက်လို့ သူ့သမီးလေးမှာ စိတ်ဒဏ်ရာရသွားမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာန ၇ ခုဆီကို အသနားခံစာတင်ခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org