ရိုက်တာသတင်းထောက်တွေ ပူလစ်ဇာဆုရရှိ

၂ဝ၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းပေးပို့ချက် ဆိုင်ရာ ပူလစ်ဇာဆုကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အပါအဝင် ရိုက်တာ သတင်းထောက်တွေကို ချီးမြှင့်လိုက်ပါတယ်။

ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး (ဝဲ) နှင့် ကိုဝလုံး (ယာ)။ AFP

၂ဝ၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းပေးပို့ချက်ဆိုင်ရာ ပူလစ်ဇာဆုကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အပါအဝင် ရိုက်တာသတင်းထောက်တွေကို ချီးမြှင့်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင်တချို့က ရိုဟင်ဂျာမွတ်စလင်တွေကို စနစ်တကျမောင်းထုတ်မှု၊ သတ်ဖြတ်ခဲ့မှုတွေမှာ တာဝန်ရှိတာကို ပီပီပြင်ပြင် ဖော်ထုတ်နိုင်ခဲ့မှု၊ သတ္တိရှိရှိ သတင်းရယူခဲ့မှုတို့အတွက် ပူလစ်ဇာဆု ချီးမြှင့်တာလို့ ဆုရွေးချယ်ရေးအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ ရခိုင်ပဋိပက္ခသတင်း ရေးသားဖို့ စုံစမ်းနေစဉ် ၂ဝ၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုနဲ့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ထောင် ၇ နှစ်စီ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အင်းဒင်ရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု သတင်းပေးပို့ချက်အပါအဝင် ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့တဲ့ ရိုက်တာအထူးသတင်းဆောင်းပါးတွေကို ဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org