ရိုက်တာသတင်းသမားတွေကို လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီးနဲ့ ကုလကိုယ်စားလှယ် တောင်းဆို

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်တွေက မြန်မာနိုင်ငံမှာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ကို ပြန်လွှတ်ပေးဖို့ မနေ့က သီးခြားစီ တောင်းဆိုခဲ့ကြပါတယ်။

ရိုက်တာသတင်းထောက်တွေကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ က မြန်မာနိုင်ငံမှာ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ပြန်လွှတ်ပေးဖို့ မနေ့က သီးခြားစီ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာအစိုးရအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် အလေးအနက်ဆောင်ရွက်နေကြောင်း ပြသရမှာဖြစ် တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် က တွစ်တာ လူမှုကွန်ရက်ကနေ ရေးသားတောင်းဆိုခဲ့ သလို၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အမှုဟာ စုံစမ်း ထောက်လှမ်းစူးစမ်းရှာဖွေရတဲ့ သတင်းနည်းပညာအတွက် အလွန်တရာ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေကြောင်း ပြသနေပြီလို့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org