သတင်းထောက် နှစ်ဦး ထောင်ဖမ်းခံရ တာဖြစ်နိုင်ကြောင်း ဦးဝင်းထိန် ထင်ကြေးပေး

ရိုက်တာသတင်းထောက် ၂ ဦးဟာ ထောင် ဖမ်းခံရတာဖြစ်နိုင်ကြောင်း အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။

NLDပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

ရိုက်တာသတင်းထောက် ၂ ဦးဟာ ထောင် ဖမ်းခံရတာဖြစ်နိုင်ကြောင်း အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။

နေပြည်တော် ၈ မြို့နယ်က NLD ပါတီဝင်တွေနဲ့ တေ့ွဆုံပွဲအပြီးမှာ ဦးဝင်းထိန်က သူ့အမြင်ကို အခုလိုပြောပါတယ်။

"အဲဒီလိုအဖမ်းခံရတာတော့ မကောင်းဘူး၊ ဒါပေမဲ့ ကိုယ်ထင်တာတော့ ထောင်ဖမ်းခံရတာတော့ ထင်တာပဲ၊ သူတို့က စာရွက်စာတမ်းတွေနဲ့မိတယ်လေ၊ အဲဒီစာရွက်စာတမ်းတွေက သူနဲ့အတူ ထမင်းစားပြီးတဲ့အခါ အဲဒီရဲတွေဆီက ရတယ်လို့သိရတယ်၊ ထွက်သွားတော့မှ တနေရာကျတော့မှ အဖမ်းခံရတယ်၊ လက်ပူးလက်ကြပ်မိတယ်၊ ဒီလောက်နုံပြီး အဲဒီလောက် အ ရသလားလို့ မေးချင်တာ"

အဲဒီသတင်းထောက် ၂ ဦးကို စွဲဆိုထားတဲ့ပုဒ်မဟာ နဂိုကတည်းက ကြံရွယ်ထားတာ သိသာနေကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။ သတင်းထောက် ၂ ဦးကို  နိုင်ငံတကာ ဖိအားနဲ့ ရှေ့နေတွေရဲ့ ကျွမ်းကျင်မှုတွေ ပေါင်း ပြီး ဆွဲထုတ်ဖို့လည်း ဆိုပါတယ်။

နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ပြန် ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကို သတင်းမီဒီယာသမားတွေက ဖမ်းခံထားရတဲ့ သတင်းထောက် ၂ ဦးနဲ့ပတ် သက်ပြီး မေးမြန်းရာမှာ အဲဒီကိစ္စကို သေချာမသိရသေးကြောင်းနဲ့ တိတိကျကျသိရတဲ့အခါ လိုအပ်သလို ဆောင် ရွက်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

"အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုဆက်လက်ပြီး ဆောင်ရွက်နေလဲဆိုတာ သေချာမသိရသေးဘူး၊ အဲဒါသိတဲ့ အချိန်ကျတော့မှပဲ ဘယ်လိုလုပ်နိုင်မလဲဆိုတာ ပြောလို့ရမယ်၊ သတင်းသမားတွေမှာ ပြဿနာ အခက်အခဲ ရှိလို့ ရှိရင်တော့ တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးပါတယ်၊ စောစောကဖြစ်ခဲ့တဲ့ကိစ္စတွေမှာ လည်းဆောင်ရွက်တယ်၊ အခုလည်းပဲ အခုဖြစ်တဲ့ကိစ္စအခြေအနေကို ပြည့်ပြည့်စုံစုံ တိတိကျကျသိရင် သိတဲ့အပေါ်မူတည်ပြီးတော့ လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ဟာတွေကို လုပ်ကိုင်ဆောင် ရွက်ပေးသွားမှာပါ"

ရိုက်တာသတင်းဌာနက ကိုသက်ဦးမောင်မောင် ခေါ်  ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ခေါ်  ကိုမိုးအောင် တို့ကို ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃နဲ့ ဒီဇင်ဘာလ ၁၂ ရက် နေ့ညက ဖမ်းဆီးလိုက် တာဖြစ်ပါတယ်။

အဲဒီသတင်းထောက် ၂ ဦးကို အခုအချိန်အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာမသိရသေးသလို မိသားစုဝင်တွေလည်း တွေ့ခွင့်မရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org